Banner Top

Member Area

ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှနောင်တမရဘူးလို့ IU ပြော

IUဟာ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို နောင်တရတက်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလ၃ရက်နေ့မှာ IU ပါဝင်ထားတဲ့ KBS ရဲ့ အားလပ်ရက်အစီအစဉ်ဖြစ်တဲ့ 'Hey, Tree' အစီအစဉ်ကို ထုတ်လွှင့်ခဲ့ပါတယ်။

IUဟာ ဂျယ်ဂျူကျွန်းပေါ်မှာရှိတဲ့ တိတ်ဆိတ်တဲ့သစ်တောထဲမှာ လမ်းလျှောက်နေစဉ် လမ်းနှစ်ခုကိုတွေ့ခဲ့ရပါတယ်။ IU ဟာ တုံ့ဆိုင်းမနေဘဲ ညာဘက်လမ်းကိုရွေးချယ်ခဲ့ပါတယ်။ သူက "ဘယ်နဲ့ညာနဲ့ရွေးဖို့ ကြုံလာတိုင်း ကျွန်မအမြဲ ညာကိုပဲရွေးတယ်" လို့ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ထုတ်လုပ်သူက "ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘယ်လိုအချက်တွေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချလဲ" လို့ IU ကို မေးမြန်းခဲ့ပါတယ်။

iu

IUက "ကျွန်မမှားတဲ့လမ်းကို ရွေးမိကောင်း ရွေးမိနိုင်ပါတယ် ဒါပေမယ့် အများအားဖြင့် ကျွန်မရဲ့စိတ်ခံစားမှုကို ယုံကြည်တယ် အတိတ်က ကျွန်မချခဲ့ဘူးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှနောင်တမရပါဘူး ကျွန်မက ရွေးချယ်မှုတစ်ခုလုပ်ရတော့မယ်ဆိုရင် တစ်ခုကို မြန်မြန်ပဲရွေးလိုက်ပြီးတော့ အဲ့ဒီအတိုင်းပဲလုပ်လိုက်ပါတယ် ဘယ်တော့မှနောက်ပြန်လှည့်ကြည့်တာမျိုးမရှိပါဘူး" လို့ပြောဆိုခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top