Banner Top

Member Area

'Billboard 200' စာရင်းမှာ full အယ်လ်ဘမ် နဲ့ နံပါတ်၂နေရာချိတ်ခဲ့တဲ့ SuperM အဖွဲ့

SuperM အဖွဲ့ဟာ သူတို့ရဲ့ အသစ်စက်စက်အယ်လ်ဘမ်နဲ့ အမေရိကားမှာ အောင်မြင်မှုရနေပါတယ်။ ပထမဆုံး full အယ်လ်ဘမ်ဖြစ်တဲ့ 'Super One'ဟာ ကော်ပီချပ်ရေ ၁သိန်း၄ထောင်ကျော်ရောင်းချခဲ့ရပြီး Billboard 200အယ်လ်ဘမ်ဇယားမှာလည်း နံပါတ်၂နေရာအထိရောက်ရှိခဲ့ပါတယ်။

Billboard က "Marvel နဲ့အတူ ပူးပေါင်းထုတ်လုပ်ထားတဲ့ အိုင်တမ်တွေအပါအဝင် အဖွဲ့ရဲ့တရားဝင် ဝက်ဘ်စတိုးတွေကနေတစ်ဆင့် အယ်လ်ဘမ်အများစုကို ရောင်းချခဲ့ရပါတယ်။

lmh

ဒါ့အပြင် ပိုစတာနဲ့ မတူညီတဲ့ထုပ်ပိုးမှုတွေ ပြုလုပ်ထားတဲ့ အယ်လ်ဘမ်ရဲ့ စီဒီတွေနဲ့ ဒစ်ဂျစ်တယ်တွေကိုလည်း ဒါဇင်နဲ့ချီပြီး ဖြန့်ချိခဲ့တာကြောင့် ရောင်းအားပိုတက်ခဲ့တယ်" လို့ပြောကြားခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top