Banner Top

Member Area

"Black Lives Matter" လှုပ်ရှားမှုအတွက် ဒေါ်လာ ၁ သန်း လှူခဲ့ရတဲ့ အကြောင်းအရင်းကို ပြောခဲ့တဲ့ BTS အဖွဲ့

ပြီးခဲ့တဲ့ဇွန်လတုန်းက BTS အဖွဲ့ဟာ " Black Lives Matter " လှုပ်ရှားမှုအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းပြီးနောက် ကမ္ဘာတစ်ခွင်မှာ ခေါင်းစီးသတင်းအနေနဲ့ပါလာခဲ့ပါတယ်။ BTS အဖွဲ့ဟာသူတို့ဘာကြောင့်လှူဒါန်းခဲ့ကြောင်း ရသစုံရှိုးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။အဖွဲ့ဝင် Jin က သူတို့အဖွဲ့လှူဒါန်းရတဲ့အကြောင်းရင်းဟာ BTS ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ဖူးလို့ဆိုပြီးရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့လက Weverse မဂ္ဂဇင်းတွင် ဖော်ဖော်ဝါရီလတွင်ပြုလုပ်ခဲ့သောရေဒီယို ရှိုးတစ်ခုမှာ BTS အဖွဲ့ဟာလူမျိုးရေးခွဲခြားဝါဒီအ ကြောင်းမှတ်ချက်ပေးခဲ့ရာတွင် "လူတိုင်းကိုရိုနာဗိုင်းရစ် ကူးဆက်ခံရနိုင်ပါတယ်"လို.ဆိုထားပါတယ်။
Jin က" အကယ်၍ငါတို့သာနိုင်ငံခြား ဒါမှမဟုတ်တစ်ခြားနေရာတွေမှာသာရှိမယ်ဆိုရင်ငါတို့ကိုလည်းလူမျိုးခွဲခြားခံရနိုင်တယ်။ "လို့ပြောခဲ့ပါတယ်။ ဆက်လက်၍ Jin က"ဒီလိုလူမျိုးရေးခွဲခြားမှုတွေဟာ နေရာတိုင်းမှာမရှိသင့်ကြောင်းနဲ့ လူ့အခွင့်ရေးတွေကိုမပိတ်ပင်သင့်ကြောင်း" ပြောခဲ့ပါတယ်။ ဒါကြောင့် BTS အဖွဲ့ဝင်တွေဟာ Black Lives Matter လှုပ်ရှားမှုကိုထောက်ခံသင့်ကြောင်းစတင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

bts

တစ်ချိန်တည်းမှာပဲ RMက BTS ဟာ ပရိသတ်များနဲ့ဆိုရှယ်မီဒီယာအပေါ် မှာဆွေးနွေးမှုများကိုသတိထားမိကြောင်းရှင်းပြခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာလမှာ BTS အဖွဲ့ဟာ LOVE MYSELF လှုပ်ရှားမှုကိုစတင်ဖို့ UNICEF နဲ့ ပူးပေါင်းခဲ့ပါတယ်။ စည်းရုံးလှုံ့ဆော်ရေး၏တစ်စိတ်တစ်ပိုင်းမှာလူငယ်တွေကို ကာကွယ်ဖု့ိ ရည်ရွယ်တဲ့ UNICEF ရဲ့ကမ္ဘာလုံးဆိုင်ရာ #ENDviolence အစီအစဉ်ကိုအကောင်ထည်ဖော်တာလည်းပါဝင်ပါတယ်။ အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်မှုအဖြစ် BTS ဟာ ကိုရီးယားဝမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၄၃၀,၀၀၀ ခန့်)ကို လှူဒါန်းခဲ့ပါတယ်။
ဆက်လက်ပြီး Jin က" BTS ဟာဒီပြဿနာကိုကူညီရန်နည်းလမ်းများစွာကိုဆွေးနွေးခဲ့ပါတယ်"လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် RM က သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကိုကုမ္ပဏီနှင့်ဆက်သွယ်ပြီး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။ ပရိသတ်တွေ သိကြတဲ့အတိုင်းသူတို့ဟာနောက်ဆုံးမှာ အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဖွဲ့ဝင် Suga ကလည်း"လူအများအပြားက Black Lives Matter လှုပ်ရှားမှုကိုနိုင်ငံရေးကိစ္စတစ်ခုအဖြစ်ပယ်ချခဲ့ပေမယ့် BTS ရဲ့လုပ်ဆောင်မှုမှာနိုင်ငံရေးဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေတာမျိုး သူမတွေ့ဘူး "လို့ပြောပါတယ်။ "လူမျိုးရေးခွဲခြားမှုနဲ့အကြမ်းဖက်မှုကိုဆန့်ကျင်ခြင်းအကြောင်သာဖြစ်ပါတယ်။ "လို့ဆိုပါတယ်။ BTS ဟာ ဘယ်သူမှ အဲ့ဒီလို လူမျိုးရေးခွဲခြားဆက်ဆံမှုများမခံရသင့်ဘူးလို့ ယုံကြည်ကြောင်းကမ္ဘာကိုသိစေချင်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ အဖွဲ့ဝင် J-Hope က BTS ဟာဂီတနှင့်ပရဟိတလုပ်ငန်းတွေကနေတစ်ဆင့်ကမ္ဘာကြီးကိုပိုမိုကောင်းမွန်လာစေရန်သူတို့တတ်နိုင်သမျှလုပ်ပေးလိုကြောင်းမျှဝေခဲ့ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top