Banner Top

Member Area

Kim Yoo Jung နဲ့ Ahn Hyo Seop တို့ သမိုင်းနောက်ခံ စိတ်ကူးယဉ်ဒရာမာကိုအတူတကွ သရုပ်ဆောင်ဖို့ ဆွေးနွေးနေ

မင်းသမီး Kim Yoo Jung နဲ့ မင်းသား Ahn Hyo Seop တို့က လာမယ့် သမိုင်းနောက်ခံစိတ်ကူးယဉ်ဒရာမာကိုအတူတကွသရုပ်ဆောင်ဖို့ စဉ်းစားနေကြပါတယ်။ အောက်တိုဘာ ၅ ရက်မှာ Kim Yoo Jungက SBSရုပ်သံလိုင်း ကနေ ထုတ်လွှင့်မယ့် "Hong Cheon-gi" ဆိုတဲ့ ဒရာမာမှာ အဓိကမင်းသမီးအဖြစ်သရုပ်ဆောင်မှာဖြစ်တယ်လို့သတင်းရရှိခဲ့ပါတယ်။ K

Awesome ENT အေဂျင်စီရဲ့အစီရင်ခံစာမှာတော့ "Kim Yoo Jung က Hong Cheon-gi မှာ သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာလည်း ဖြစ်ပါတယ်။ မင်းသမီးက အဲ့ဒီအတွက် ပြန်လည်စဉ်းစားနေတာလည်း ဖြစ်ပါတယ်။" လို့ ဖော်ပြထားပါတယ်။
"Hong Cheon-gi" ဒရာမာကတော့ ဂျိုဆွန်မင်းဆက် (၁၃၉၂ မှ ၁၉၁၀) မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းနောက်ခံစိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ 'Sungkyunkwan Scandal'ဒရာမာ(၂၀၁၀)နဲ့ 'Moon Embracing the Sun' ဒရာမာ(၂၀၁၂) ကိုလည်းရေးသားခဲ့သူ Jung Eun-gwol ကတူညီတဲ့ဝတ္ထုတစ်ပုဒ်အပေါ်အခြေခံပြီး ရိုက်ကူးမှာ ဖြစ်ပါတယ်။

kjy

Kim Yoo Jung ကတော့ ဂျိုဆွန်းရဲ့ ထူးခြားတဲ့ မှတ်ဉာဏ်ပိုင်ရှင် ပထမဆုံးအမျိုးသမီးပန်းချီဆရာမ "Che Cheon-gi ' အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပြီး မင်းသား Ahn Hyo Seop ကတော့ သူနဲ့အပြိုင်သရုပ်ဆောင်မှာဖြစ်ပါတယ်။
My Love from the Star' ဒရာမာ (၂၀၁၃)ကို ထုတ်လုပ်သူ Chang Tae Yoo ကဒါရိုက်တာအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး လာမယ့်နှစ်ထဲမှာ ထုတ်လွှင့်ပြသမယ်လို့ ယူဆရပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top