Banner Top

Member Area

BTS အဖွဲ့ဝင် ဂျီမင်းရဲ့ မွေးနေ့ ပရောဂျက်အတွက် အင်ဒိုနီးရှား Army တွေ ဒီရေတောအပင် ၈၇၀၀ စိုက်ပျိုး

မကြာမီအချိန်တွင်းမှာ BTS အဖွဲ့ဝင် ပတ်ဂျီမင်း ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့ကျရောက်တော့မှာဖြစ်တဲ့အတူ အဓိပ္ပာယ်ရှိတဲ့ ပရောဂျက်ပေါင်းများစွာကို စီစဉ်ထားပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေကလည်းအဓိပ္ပာယ်ရှိတဲ့ ပရောဂျက်တွေကိုစီစဉ်ထားပြီးကြော်ညာခဲ့ကြတာဖြစ်ပါတယ်။ ဂျီမင်း ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာသူ့ရဲ့မွေးနေ့ကို ဆင်နွှဲမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား Army တွေဟာ ဂျီမင်းရဲ့မွေးနေ့အမှတ်တရအနေနဲ့ ရန်ပုံငွေရှာဖွေတဲ့ပရောဂျက်တစ်ခုကို စီစဉ်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ Asabell Audida (@asabelliaa) ဝက်ဘ်ဆိုဒ်တစ်ခုမှာ BTS အဖွဲ့ဝင် ဂျိမင်းရဲ့မွေးနေ့ အတွက် အပင် ၁၀၀၀ စိုက်ပျိုးမယ့်ရန်ပုံငွေပရောဂျက်စီမံကိန်းတစ်ခုအ ကြောင်းကိုတင်ခဲ့ပါတယ်။

jimin

အဲ့ဒီပရောဂျက်ဟာ ဂျီမင်း ရဲ့ဆက်တိုက်လှူဒါန်းမှုတွေ၊ကောင်းမွန်တဲ့ကုသိုလ်တွေနဲ့ ပတ်ဝန်းကျင်ကိုချစ်မြတ်နိုးမှုတွေကို လေးစားအားကျပြီးတော့လုပ်ဆောင်ခဲ့ဖြစ်ပါတယ်။ မကြာသေးမီတုန်းကလည်း ဂျီမင်း ဟာ အကူအညီလိုနေတဲ့ကျောင်းသားတွေအတွက် ရက်ရောတဲ့လှူဒါန်းမှုကိုလည်း လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ ဂျီမင်းဟာ South Jeolla ပြည်နယ်မှာရှိတဲ့ကျောင်းးသားတွေအတွက် ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သူဟာ ဘူဆန်ကအနုပညာအထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား ၁၂၀၀ အတွက် စာသင်ခုံတွေကိုလည်းပြောင်းလဲပေးခဲ့ပါတယ်။ သူဟာ၂၀၁၉ ခုနစ် ဧပြီလမှာလည်းဘူဆန်မြို့ပြပညာရေးရုံးထံကို လည်းဝမ်သန်း၁၀၀ လှူဒါန်းခဲ့ဖူးပါတယ်။
မကြာသေးခင်တုန်းက Bae Chul Soo ရဲ့ Music Camp အစီအစဉ်မှာ BTS အဖွဲ့ဝင်တွေဟာသူတို့ရဲ့ လှူဒါန်းမှုတွေနဲ့ ကူညီမှုတွေကြောင့်ချီးမွမ်းခံခဲ့ရပါတယ်။ အဲ့ဒီအခါမှာ ဂျီမင်းက "ကျွန်တော်တို့ဟာ ကျွန်တော်တို့ရရှိခဲ့သလောက်ကိုပြန်ပြီးတော့ပေးသင့်ပါတယ်။ "လို့ဆိုပါတယ်။ ဂျီမင်းဟာ အခုလိုမျိုးကောင်းမွန်တဲ့ကိစ္စတွေအတွက် ကူညီဖို့၊ ဝေမျှဖို့ ၊ဥပမာကောင်းတစ်ခုအနေနဲ့ လိုက်နာဆောင်ရွက်ရေးသူ့ရဲ့ပရိသတ်တွအပေါ် ဆက်လက်လွှမ်းမိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top