Banner Top

Member Area

မင်းသား ဂျောင်ဟယ်အင်းနဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူးတို့ပါဝင်မယ့် “Snowdrop” ဒရာမာအကြောင်း

JTBC ရုပ်သံကနေ ထုတ်လွှင့်မယ့် “Snowdrop” ဒရာမာမှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ JTBC ရုပ်သံကနေ တရားဝင်ကြေညာလိုက်တာ ကတော့ သြဂုတ်လတုန်းက သူတို့ရဲ့ ဒရာမာမှာ ပါဝင်မယ်လို့ အတည်ပြုထားတဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူး၊ မင်းသမီး ကင်ဟေယွန်းတို့နဲ့အတူ မင်းသားဂျောင်ဟယ်အင်း၊ မင်းသား ဂျန်ဆောင်းဟို၊ မင်းသမီး ယွန်းဆဲအာ၊ မင်းသမီး ဂျောင်ယူဂျင်းတို့လည်း ပါဝင်လာကြမယ်လို့ဆိုပါတယ်။

JTBC ရဲ့ “SKY Castle” ဒရာမာကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရိုက်ကူးမယ့် “Snowdrop” ဒရာမာဟာ ၁၉၈၇ ခုနှစ်၊ ဆိုးလ်မြို့မှာ ဇာတ်အိတ်တည်မှာဖြစ်ပါတယ်။ အဲ့ဒီဒရာမာကတော့ ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကျောင်းသား အင်ဆူဟိုက တနေ့မှာ သွေးအလိမ်းလိမ်းနဲ့ မိန်းကလေးအဆောင်ထဲ ရုတ်တရက် ရောက်လာကနေ အွန်းယောင်းချိုဆိုတဲ့ ကျောင်းသူလေးက သူ့ကို ဝှက်ထားပေးပြီး ထောက်လှမ်းရေးတွေရဲ့ အန္တရာယ်ကိုကြုံတွေ့နေရတာတောင် ဒဏ်ရာတွေကို ပြုစုပေးခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။အင်ဆူဟို အဖြစ် မင်းသား ဂျောင်ဟယ်အင်းနဲ့ အွန်ယောင်းချိုအဖြစ် ဂျီဆူးတို့က ပါဝင်ကြမှာဖြစ်ပါတယ်။

bli

ဇာတ်ကောင်တစ်ဦးချင်းစီအကြောင်း ပြောရမယ်ဆိုရင်တော့ ဂျာမနီနိုင်ငံမှာ ကြီးပြင်းခဲ့သူ အင်ဆူဟိုဟာ နူးညံ့တဲ့ စွဲဆောင်မှုရှိသူဖြစ်ပေမယ့် လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသူလည်း ဖြစ်ပါတယ်။ စုဝေးပွဲတစ်ခုမှာ မြင်မြင်ချင်းသဘောကျခဲ့တဲ့ အွန်ဆူဟိုဟာ အွန်ယောင်းချိုရဲ့ အဆောင်ထဲရောက်ရှိလာခဲ့ပြီးတဲ့နောက် ဒဏ်ရာတွေကို ကုသပေးရင် ဝှက်ထားပေးရဖို့ ဖြစ်ာလဲ့ပါတယ်။
မင်းသမီး ယွန်းဆဲအာကတော့ စည်းကမ်းတင်းကြပ်ပြီး ကြောက်ဖို့ကောင်းတဲ့ ဂျီဆူရဲ့ အဆောင်ပိုင်ရှင် ပီဆောင်းဟီးအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ မင်းသမီး ကင်ဟေယွန်းကတော့ မိသားစုရဲ့ ငွေရေးကြေးရေးကြောင့် တက္ကသိုလ်ပညာရေးကို လက်လွှတ်လိုက်ရတဲ့ အဆောင်က ဖုန်းအော်ပရေတာလေး ကေဘွန်အို့ အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
မင်းသား ဂျန်ဆောင်းဟိုကတော့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIS ရဲ့ အဖွဲ့ ၁ အကြီးအကဲ လီဂန်မူဖြစ်ပြီး သူဟာ ဘယ်အရာကိုမဆို စာအုပ်ကြီးအတိုင်း တသွေမတိမ်းလိုက်လံဆောင်ရွက်သူလည်း ဖြစ်ပါတယ်။ မင်းသမီး ဂျောင်ယူဂျင်းကတော့ အလုပ်အပေါ် စွဲစွဲလမ်းလမ်းရှိသူ NIS အေးဂျင် ဂျန်ဟန်နာအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ “Snowdrop” ဒရာမာကို ၂၀၂၁ ခုနှစ်အတွင်းမှာ ပြသဖို့ ပြင်ဆင်ထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top