Logo
Print this page

မင်းသား Son Seok Gu နဲ့ မင်းသမီး Bae Doo Na တို့ အချစ်ရေးသတင်းကို ငြင်းဆို

မင်းသား Son Seok Gu နဲ့ မင်းသမီး Bae Doo Na တို့ဟာ သူတို့ရဲ့ အချစ်ရေးကောလာဟလသတင်းတွေကို ငြင်းဆိုလိုက်ကြပါတယ်။

Ilgan Sports က သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်ကစလို့ တွဲနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ Netflix ရုပ်သံလိုင်းရဲ့ 'Sense 8' မှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်၊ ပြီးတော့ လက်ရှိမှာလည်း ကုမ္ပဏီတစ်ခုတည်းရဲ့ အောက်မှာ လည်း ဖြစ်ပါတယ်။ အတွင်းသတင်းတစ်ခုရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ သူတို့ရဲ့ SNS ပေါ်မှာ ပုံတွေ တင်ထားကြပါတယ်၊ တခြားသူရဲ့ အတွေးကို ဂရုစိုက်စရာ မလိုတဲ့ သက်တောင့်သက်သာဖြစ်တဲ့ ချစ်သူတွေ ဖြစ်ကြပါတယ်။

bae doo na


မင်းသမီး Bae Doo Na ရဲ့ အိမ်ဟာ ဆိုးလ်မြို့မှာရှိတဲ့ ဒုံဘင်ဂိုရပ်ကွက်မှာ ရှိပြီး မင်းသား Son ကတော့ မကြာခဏ လာလေ့ရှိတယ်လို့ဆိုပါတယ်။ သူဟာ အခုအထိ တက်သစ်စသာရှိသေးပြီး သူတော်တော်များများက သူ့ကိုမမှတ်မိတဲ့ အတွက် သူက လွတ်လွတ်လပ်လပ်သွားလာလို့ ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ကုမ္ပဏီက “သူတို့တွေ တွဲနေတယ်ဆိုတာ အမှန်မဟုတ်ပါဘူး၊ တူညီတဲ့ ကုမ္ပဏီအောက်မှာ ရင်းနှီးတဲ့သူငယ်ချင်းပုံစံမျိုးပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Ref:allkpop

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!