Banner Top

Member Area

“About Time” ဒရမ်မာမှာ လီဆောဝန်းရဲ့ နေရာမှာအစားထိုးဖို့ ကင်ဒုံဂျွန်းဆွေးနွေးနေ

ZE:A အဖွဲ့ဝင် ကင်ဒုံဂျွန်းဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “About Time’ ဒရမ်မာထဲက လီဆောဝန်းရဲ့ နေရာမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ အမျိုးသမီး နာမည်ကျော်ကြားသူတဦးကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ် လို့ဆိုတဲ့ စွဲချက်တွေကြောင်း “About Time” ဒရမ်မာ သရုပ်ဆောင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်ပါတယ်။ ZE:A အဖွဲ့ဝင် ကင်ဒုံဂျွန်းဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “About Time’ ဒရမ်မာထဲက လီဆောဝန်းရဲ့ နေရာမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။

အမျိုးသမီး နာမည်ကျော်ကြားသူတဦးကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တယ်လို့ဆိုတဲ့ စွဲချက်တွေကြောင်း “About Time” ဒရမ်မာ သရုပ်ဆောင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်ပါတယ်။ မေ ၁၇ ရက်မှာ အနုပညာလုပ်ငန်းသတင်းရင်းမြစ် တော်တော်များများက ကင်ဒုံဂျွန်းကို လီဆောဝန်းနေရာမှာ အစားထိုးမှာဖြစ်ပြီး ပါရမီရှင်ဂီတပြဇာတ်ဒါရိုက်တာ ဂျိုဂျယ်ယူအဖြစ် သရုပ်ဆောင်စေမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီသတင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ဒရမ်မာရဲ့ သတင်းအရင်းအမြစ်တွေက သူတို့ဟာ မင်းသား ကင်ကို ကမ်းလှမ်းခဲ့ပေမယ့် အတည်မပြုနို်င်သေးဘူးလို့ ဆိုပါတယ်။

Kim Dong Jun Lee Seo Won

ကင်ဒုံဂျွန်းရဲ့ အေဂျင်စီဖြစ်တဲ့ Major 9 ကတော့ မင်းသားဟာ အဲဒီကမ်းလှမ်းချက်ကို အကောင်းမြင်တဲ့ဘက်ကနေ စဉ်းစားနေတယ်လို့ဆိုပါတယ်။  ကင်ဒုံဂျွန်းဟာ “Neighborhood Lawyer Jo Deul Ho,” “I Still Love You,” နဲ့ “Black” တို့လို ဒရမ်မာတွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ “About Time” ဇာတ်လမ်းတွဲကို မေ ၂၁ ရက် ကိုရီးယားစံတော်ချိန် ည ၉ နာရီခွဲမှာ ပြသသွားမှာဖြစ်ပါတယ်။ 

soompi

Banner Top