Banner Top

Member Area

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု စွဲချက်များကြောင့် “Music Bank” အစီအစဉ်တင်ဆက်သူနေရာမှ လီဆောဝန်းကို ဖယ်ရှား

“Music Bank” ဟာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ မင်းသားလီဆောဝန်းနဲ့ပတ်သက်လို့ တရားဝင်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ မေ ၁၇ ရက်မှာပဲ အဲဒီအစီအစဉ်က “အစီအစဉ် တင်ဆက်သူ လီဆောဝန်းရဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ သူ့ရဲ့ အေဂျင်စီနဲ့ အခြေအနေတွေရဲ့ အကြောင်းအရာတွေကို စစ်ဆေးခဲ့ကြပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အစီအစဉ်ကနေ လီဆောဝန်းကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။“Music Bank” ဟာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ မင်းသားလီဆောဝန်းနဲ့ပတ်သက်လို့ တရားဝင်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

မေ ၁၇ ရက်မှာပဲ အဲဒီအစီအစဉ်က “အစီအစဉ် တင်ဆက်သူ လီဆောဝန်းရဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ဟာ သူ့ရဲ့ အေဂျင်စီနဲ့ အခြေအနေတွေရဲ့ အကြောင်းအရာတွေကို စစ်ဆေးခဲ့ကြပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အစီအစဉ်ကနေ လီဆောဝန်းကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Lee Seo Won1


ဆက်ပြီးတော့ “ဒီအချိန်မှာတော့ “Music Bank” ဟာ လက်ရှိအစီအစဉ်တင်ဆက်သူ Solbin နဲ့အတူ တွဲဖက်မယ့် အထူး အစီအစဉ်တင်ဆက်သူတွေကို ရှာဖွေမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။မေ ၁၆ ရက်မှာ လီဆောဝန်းဟာ အမျိုးသမီးနာမည်ကျော်ကြားသူတစ်ဦးကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့သလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ သူဟာ “About Time” ဇာတ်လမ်းတွဲ သရုပ်ဆောင်အဖြစ်ကနေလည်း ဖယ်ရှားခံခဲ့ရပြီးဖြစ်ပါတယ်။

soompi

Banner Top