Logo
Print this page

မွေးနေ့မှာအထူးပရိသတ်တွေ့ဆုံပွဲကျင်းပဖို့ စီစဉ်ထားတဲ့ IU

IU ဟာသူ့ရဲ့ မွေးနေ့ကိုပရိသတ်တွေ့ဆုံပွဲတစ်ခုနဲ့ ကျင်းပဖို့အတွက် ကြေညာချက်တစ်ခုနဲ့ ပရိသတ်တွေကို အံ့သြသင့်စေခဲ့ပါ တယ်။ 'My IU'လို့အမည်ပေးထားတဲ့ အဲဒီပရိသတ်တွေ့ဆုံပွဲကိုသူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေ ၁၆ ရက်၊ ဆိုးလ်မြို့မှာကျင်းပဖို့ စီစဉ်ထား ပါတယ်။

IU actres

 

အဲဒီပွဲမှာ IU နဲ့ အတူသူပါဝင ်သရုပ်ဆောင်ထားပြီးအခုလက်ရှိ ပြသနေဆဲဖြစ်တဲ့ 'My Ahjussi'ဆိုတဲ့ ဇာတ်လမ်းတွဲကို ပရိသတ်တွေ က ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အဲဒီပွဲဟာ IU ကိုချစ်ခင်မြတ်နိုးကြတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ IU ရဲ့ နယ်လှည့်ဖျော်ဖြေပွဲနောက်ပိုင်းပထမဆုံးပြုလုပ်တဲ့ ပရိသတ်တွေ့ဆုံပွဲလည်းဖြစ်ပါတယ်။ IU ဟာလက်ရှိမှာတော့ ဒရမ်မာ ရိုက်ကူးရေး လုပ်ငန်းတွေနဲ့ အလုပ်များနေပါတယ်။ 'My Ahjussi'ဇာတ်လမ်းတွဲဟာနောက်ထပ် လေးပိုင်းပြသပြီးရင် အဆုံးသတ်တော့ မှပဲ ဖြစ်ပါတယ်။

kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!