Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

2018 Dream Concert ဖျော်ဖြေမှု အစီအစဉ်မှ B.A.P အဖွဲ့နုတ်ထွက်

B.A.P အဖွဲ့ဟာ2018 Dream Concertမှာဖျော်ဖြေမယ့်အနုပညာရှင်စာရင်းထဲမှာပါဝင်လာခြင်းမရှိတော့ပါဘူး။ B.A.P ရဲ့ အေဂျင်စီ TS အင်တာတိန်းမန့်ရဲ့ အဆိုအရအဖွဲ့ဟာအဲဒီပွဲမှာဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့်လည်းအေဂျင်စီရဲ့ အတွင်းရေးပြဿနာတွေကြောင့် ဖျော်ဖြေမှုကိုဖျက်သိမ်းဖို့ ဆွေးနွေးပြီးတဲ့ နောက် ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

B.A.P

ကြေညာချက်တစ်ခုထဲမှာတော့ TS အင်တာတိန်းမန့်နဲ့ B.A.P အဖွဲ့တို့က “ဒါဟာခက်ခဲတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် နားလည်ပေးကြဖို့ တောင်းဆ ိုလိုပါတယ်၊ ပြီးတော့ အနာဂတ်မှာပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုနဲ့ ပြန်လာခဲ့ဖို့ ကတိပေးပါတယ်” လို့ ပြောဆိုထားပါတယ်။ကိုရီးယားထုတ်လုပ်သူများအသစ်ကနေစီစဉ်တဲ့ 2018 Dream Concertကိုဆိုးလ်ကမ္ဘာ့ဖလားအားကစားကွင်းမှာမေ ၁၂ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top