Banner Top

Member Area

ဂီတဗီဒီယို အသစ်က ဘယ်လိုပုံစံလေးလဲဆိုတာ ပရိသတ်တွေက စောင့်မျှော်နေကြပါပြီ။

BTS အဖွဲ့ဟာပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Comeback အတွက် ဂီတဗီဒီယိုရိုက်ကူးမှု ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ OSEN ရဲ့အဆိုအရအဖွဲ့ဟာမကြာမ ီထွက်ရှိလာတော့မယ့် အယ်လ်ဘမ်ဖြစ်တဲ့ 'Love Yourself: Tear’ ရဲ့ ခေါင်းစီးတေးအတွက် ဂီတဗီဒီယိိုကိုရိုက်ကူးပြီးစီးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ Big Hit အင်တာတိန်းမန့်နဲ့ BTS ကိုယ်တိုင်အတွက် မျှော်မှန်းထားတဲ့ ရိုက်ကွင်းတွေဖြစ်စေဖို့ ရက်တော်တော်များများကြာရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

BTS Group

အရင်တုန်းကသတင်းတွေထုတ်ပြန်ခဲ့သလိုပဲအဲဒီဂီတဗီဒီယိုကိုမေ ၁၈ ရက်မှာသူတို့ရဲ့ အယ်လ်ဘမ် နဲ့အတူ ဖြန့်ချိမှာဖြစ်ပါတယ်။ ဖြန့်ချိပြီး နှစ်ရက်အကြာမှာတော့ BTS အဖွဲ့ဟာမေ ၂၀ ရက် လတ်စ်ဗေးဂတ်စ်မြို့မှာကျင်းပမယ့် '2018 Billboard Music Awards'ပွဲမှာပထမဆုံးအနေနဲ့ သီချင်းသစ်ကိုဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ သူတို့ရဲ့ 'Singularity' အမြည်းဗီဒီယိုကို ဖြန့်ချိထားပြီးဖြစ်ပါတယ်။

 

Kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Banner Top