Banner Top

Member Area

အသက်ကွဲလွဲချက် ဖြစ်ပေါ်နေတဲ့ PARK BOM

အင်တာနက်သုံးစွဲသူတွေကတော့ Park Bom ရဲ့အသက်အစစ်အမှန်နဲ့ ပတ်သက်လို့ အငြင်းပွားနေရပြန်ပါပြီ။ သူ့ရဲ့ တရားဝင် Profile မှာ Park Bpm ကို ၁၉၈၄ ခုနှစ် မတ် ၂၄ ရက်မှာ မွေးဖွားခဲ့တယ်လို့ ရေးထားပါတယ်။ ဒါပေမယ့် အထက်တန်းကျောင်း ဒုတိယနှစ်ရောက်တဲ့အချိန်ဟာ ၁၉၉၈ ခုနှစ်ဖြစ်တဲ့အတွက် သူမွေးဖွားခဲ့တာ ၁၉၈၄ ခုနှစ်လို့ မှန်ကန်စွာတွက်ချက်နိုင်တာမရှိတဲ့အချိန်ကနေ မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။

 

PK


မကြာသေးခင်ကပဲ အင်တာနက်အသုံးပြုသူတွေဟာ MBC ရုပ်သံလိုင်းရဲ့ PD Note အစီအစဉ်ကို ထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် သူ့ရဲ့ အသက်အစစ်အမှန်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ်မှာလုပ်ခဲ့တဲ့ အစီအစဉ်မှာ အစိုးရရှေ့နေတွေဟာ Park Bom ရဲ့ အသက်ဟာ ၃၁ နှစ်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒါဟာ Park Bom က ၁၉၇၉ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်ထဲက တစ်ခုမှာ မွေးဖွားခဲ့တယ်လို့ ဆိုလိုပါတယ်။ အဲဒါနဲ့ ပတ်သက်လို့တော့ Park Bom က တရားဝင်ကြေညာချက် ထုတ်ပြန်တာမရှိသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
KL

Banner Top