Banner Top

Member Area

ရုပ်ရည်ချောမောလှပလို့ မကောင်းတဲ့အချက်မရှိဘူးလို့ မင်းသား ဂျန်ဒုံဂန်းပြော

မင်းသား ဂျန်ဒုံဂန်းဟာ ရုပ်ရည်ချောမောတာတဲ့အတွက် မကောင်းတဲ့အချက်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဧပြီ ၂၇ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ 'Entertainment Weekly' အစီအစဉ်မှာ မင်းသား ဂျန်နဲ့ Hyungsik တို့ဟာ သူတို့ရဲ့ KBS ကနေ ထုတ်လွှင့်မယ့် ဒရမ်မာ ‘Suit’ အတွက် စကားပြောဆိုခဲ့ကြပါတယ်။



အဲဒီ အင်တာဗျူးအတွင်းမှာ အစီအစဉ်တင်ဆက်သူက အမျိုးသား သရုပ်ဆောင်တွေအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းမှု အဆင့်သတ်မှတ်ချက်အကြောင်းကို စတင်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရလာဒ်ကို သူနားမထောင် ရခင်မှာပဲ မင်းသား ဂျန်က ထိပ်တန်း ၃ ယောက်ထဲမှာ ပါဝင်လို့ အသေအချာပြော ရဲ ကြောင်း ပြောဆိုခဲ့ပါတယ်။ ရလာဒ်တွေအရ မင်းသား ဂျန်ဒုံဂန်းဟာ ကိုရီးယားအမျိုးသားသရုပ်တွေ အားလုံးထဲမှာ ရုပ်ရည်ချောမောလှပမှု နံပါတ် ၁ နေရာမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် မင်းသား ဂျန်ဟာ 'Entertainment Weekly' အစီအစဉ်ကို ယုံကြည်ရတာဖြစ်တယ်လို့ ဟာသနှောပြီး ပြောဆိုခဲ့ပါတယ်။

JDG 1 1


မင်းသားဂျန်ဟာ အခုလိုမျိုး ချောမောတဲ့ မျက်နှာနဲ့ နေထိုင်ရတာ အခက်အခဲတွေ ရှိပါသလို့ အမေးခံခဲ့ရပြီး မင်းသားက ခေတ္တလောက်စဉ်းစားပြီးတဲ့နောက်မှာ မရှိပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

JDG 1 2

 


အဲဒီအင်တာဗျူးမှာပဲ မင်းသားဂျန်ဟာ သူငယ်ရွယ်စဉ်တုန်းက ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို ထုတ်ပြခဲ့ပါတယ်

allkpop

Banner Top