Banner Top

Member Area

ဧပြီလအတွက် ထိပ်တန်းအမျိုးသား ကြော်ငြာမော်ဒယ် စာရင်းမှာ မင်းသား ဂုံယူဦးဆောင်

ကိုရီးယားနာမည်ကျော်ကြားမှုစင်တာကနေ ဧပြီလအတွက် Brand ကြော်ငြာထိပ်တန်းအမျိုးသား မော်ဒယ် အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ပြီး အချက်အလက်တွေကို မတ် ၂၆ ရက်နေ ဧပြီ ၂၇ ရက်အထိ ကောက်ယူထား တာလို့ဆိုပါတယ်။

အဲဒီရလာဒ်တွေအရ မင်းသား ဂုံယူဟာ ရမှတ် ၁၅၈၅၄၂၁ နဲ့ အမျိုးသား ကြော်ငြာမော်ဒယ်စာရင်းနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ဂုံယူရဲ့ အနောက်မှာတော့ ဒုတိယနဲ့ တတိယ နေရာမှာ ရပ်တည်နေသူတွေက Daniel နှစ်ယောက်ဖြစ်ပါတယ်။

daniel henney gong yoo kang daniel

နံပါတ် ၂ နေရာမှာ Wanna One အဖွဲ့ဝင် Kang Daniel န့ နံပါတ် ၃ နေရာမှာ Daniel Henney တို့က ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေနဲ့ ယှဉ်မယ်ဆိုရင် ထိပ်တန်းအမျိုးသား ကြော်ငြာ မော်ဒယ် ၅၀ ရဲ့ ကြော်ငြာဆောင်ရွက်ချက်တွေက ၃၅ ဒသမ ၂၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။


နံပါတ် ၄ နေရာကနေ နံပါတ် ၁၀ နေရာအထိ ရပ်တည်နေသူတွေကတော့ ဂျိူဂျောင်ဆော့၊ ပတ်ဆောဂျွန်း၊ ပတ်ဘိုဂွန်း၊ ဘတ်ဂျောင်ဝန်း၊ လီဆန်းမင်း၊ ယူဂျယ်ဆော့နဲ့ Shinhwa အဖွဲ့ဝင် အဲရစ်တို့ပဲ ဖြစ်ပါတယ်။

allkpop

Banner Top