Banner Top

Member Area

အဖွဲ့ဖျက်သိမ်းပြီးချိန်ကတည်းက ပထမဆုံးအကြိမ်ပြန်လည်ပေါင်းစည်းမယ့် IOI

  •  WN
  • Category: News

ပရောဂျက်အဖွဲ့တစ်ခုဖြစ်တဲ့ IOI ဟာ Mnet ရုပ်သံလိုင်းရဲ့ မကြာမီထုတ်လွှင့်တော့မယ့် 'Produce 48’ အစီအစဉ်ကနေ ထုတ်လွှင့်မှုတစ်ခုမှာ ပြန်လည်ပါဝင်လာကြဦးမှာပဲ ဖြစ်ပါတယ်။

အတွင်းသတင်းတစ်ခုရဲ့ အဆိုအရ အဲဒီမိန်းကလေးအဖွဲ့ဟာ လာမယ့် ဇွန်လထဲမှာ စတင်ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။ ပရောဂျက်အဖွဲ့တစ်ခုဖြစ်တဲ့ IOI ဟာ Mnet ရုပ်သံလိုင်းရဲ့ မကြာမီထုတ်လွှင့်တော့မယ့် 'Produce 48’ အစီအစဉ်ကနေ ထုတ်လွှင့်မှုတစ်ခုမှာ ပြန်လည်ပါဝင်လာကြဦးမှာပဲ ဖြစ်ပါတယ်။ အတွင်းသတင်းတစ်ခုရဲ့ အဆိုအရ အဲဒီမိန်းကလေးအဖွဲ့ဟာ လာမယ့် ဇွန်လထဲမှာ စတင်ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။ 


တကယ်လို့ အဲဒါသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ IOI အဖွဲ့ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း အတူပြန်ဆုံကြမှာလည်း ဖြစ်ပါတယ်။ IOI အဖွဲ့နဲ့အတူ Wanna One အဖွဲ့ဝင် အားလုံးဟာ အဲဒီအစီအစဉ်မှာ အထူးဧည့်သည်တော်တွေအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ စီနီယာတွေ ဖြစ်ကြတဲ့ IOI နဲ့ Wanna One တို့ဟာ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင် ၉၆ ဦင်္းကို အားပေးဖို့ လာရောက်ကြမှာလည်း ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း ပြီးခဲ့တဲ့ Season တွေက Center တွေ ဖြစ်တဲ့ ဂျောင်ဆိုမီနဲ့ ဂန်ဒန်နီယယ်တို့ဟာ 'Produce 48' ပထမဆုံးအပိုင်းမှာ ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

 

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top