Banner Top

Member Area

ဂေးလ်ဖြစ်နေလို့ အဆိုတော် Holland ကို အနိုင်ကျင့်ခဲ့တဲ့ Idol တွေကို ဖော်ထုတ်ဖို့ ပရိသတ်တွေ အင်အား ပေါင်းစည်း

  •  WN
  • Category: News

အတိတ်ကာလတုန်းက အခု Debut လုပ်ခဲ့ပြီးဖြစ်တဲ့ Idol တွေက အဆိုတော် Holland ကို ဂေးလ် ဖြစ်နေလို့ ဆိုပြီး အနိုင်ကျင့်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ ပရိသတ်တွေက သည်းမခံနိုင်အောင် ဖြစ်နေကြပါတယ်။

ဒီနှစ်အစောပိုင်းမှာပဲ Holland ဟာ ဂေးလ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတဲ့ Idol တစ်ယောက်အနေနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ သူဟာ ‘Neverland’ သီချင်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး သူ့ကိုရော သူ့သီချင်းကို ရော လျင်လျင်မြန်မြန် သဘောကျခဲ့ကြပါတယ်။ အဲဒီ Idol လေးဟာ သူပွဲဦးထွက်ခဲ့ချိန်မှာပဲ အင်တာဗျူးတော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ Holland ဟာ ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်တာခံခဲ့ရဖူးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ သူ့ကို အနိုင်ကျင့်ခဲ့ကြတဲ့ ကျောင်းသားတွေထဲမှာ လက်ရှိ Debut လုပ်ပြီးတဲ့ Idol တချို့လည်း ပါတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။ အတိတ်ကာလတုန်းက အခု Debut လုပ်ခဲ့ပြီးဖြစ်တဲ့ Idol တွေက အဆိုတော် Holland ကို ဂေးလ် ဖြစ်နေလို့ ဆိုပြီး အနိုင်ကျင့်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်လို့ ပရိသတ်တွေက သည်းမခံနိုင်အောင် ဖြစ်နေကြပါတယ်။

 

ဒီနှစ်အစောပိုင်းမှာပဲ Holland ဟာ ဂေးလ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတဲ့ Idol တစ်ယောက်အနေနဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ သူဟာ ‘Neverland’ သီချင်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး သူ့ကိုရော သူ့သီချင်းကို ရော လျင်လျင်မြန်မြန် သဘောကျခဲ့ကြပါတယ်။ အဲဒီ Idol လေးဟာ သူပွဲဦးထွက်ခဲ့ချိန်မှာပဲ အင်တာဗျူးတော်တော်များများကို ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ Holland ဟာ ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်တာခံခဲ့ရဖူးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ သူ့ကို အနိုင်ကျင့်ခဲ့ကြတဲ့ ကျောင်းသားတွေထဲမှာ လက်ရှိ Debut လုပ်ပြီးတဲ့ Idol တချို့လည်း ပါတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။ 


အဲဒီလိုမျိုး Holland က ပြောကြားလိိုက်ပြီးတဲ့နောက် နိုင်ငံတကာပရိသတ်တွေဟာ နာမည်တွေကို ထုတ်ပြောဖို့ သူ့ကိုတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပရိသတ်တချို့ကတော့ Holland သာ ပိုပြီး နက်နက် ရှိုင်းရှိုင်း ထိခိုက်နိုင်တဲ့အတွက် အဲဒီပြဿနာနဲ့ ပတ်သက်လို့ မပြောတာပိုကောင်းလိမ့်မယ်လို့တော့ ဆိုကြပါတယ်။ ပရိသတ်တွေကတော့ Idol နာမည်တချို့ကို သိရှိခဲ့ကြပေမယ့် Holland က လက်ရှိ တက်နေတဲ့ ဆိုးလ်အနုပညာကျောင်းနဲ့ အထက်တန်းကျောင်းတုန်းကမဟုတ်ဘဲ အလယ်တန်းကျောင်းမှာတုန်းက Idol တွေရဲ့ အနိုင်ကျင့်တာခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်ကျောင်းကိုပဲသွားသွား Holland ကိုယ်တိုင်က ဘယ်တုန်းကမှ ပြန်လည်ဖော်ထုတ်တာမရှိခဲ့တဲ့အတွက် ဆန်းကြယ်မှုတခုအနေနဲ့ ရှိနေဆဲပါ။ တနေ့ကျရင် အဲဒီ Idol နာမည်တွေ ထွက်ပေါ်လာမယ်လို့ သင်ထင်ပါသလား။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top