Banner Top

Member Area

မင်းသမီး ချွဲဂျီဝူး လက်ထပ်လိုက်ပြီ

မင်းသမီး ချွဲဂျီဝူးဟာ အသစ်စက်စက် အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားပါပြီ။

မတ် ၂၉ ရက်မှာပဲ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YG အင်တာတိန်းမန့်က ဒီနေ့ နေ့လယ်ပိုင်းလောက်မှာပဲ လက်ထပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကြေညာဖို့ တရားဝင်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ခင်ပွန်းတစ်ယောက် ကတော့ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး သူတို့တွဲနေကြတာ တစ်နှစ်လောက်ရှိပြီလို့ဆိုပါတယ်။


ပရိသတ်တွေထံကို ရေးသားခဲ့တဲ့ စာတစ်စောင်ထဲမှာဆိုရင်တော့ မင်းသမီးချွဲက “ပထမဆုံးအနေနဲ့ စာတစ်စောင် ရေးရတာ ရှက်ရွံမိပြီး စိတ်လှုပ်ရှားမိပါတယ်၊ ရုတ်တရက်တော့ ဖြစ်သွားပေမယ့် သတင်းကောင်းရှိပါတယ်၊ ကျွန်မဘဝသစ်တစ်ခုစတင်ချင်တဲ့ လူတစ်ယောက်နဲ့ မတ် ၂၉ ရက်မှာပဲ လက်ထပ်ခဲ့ပါပြီ၊ ကျွန်မတို့ဟာ နီးစပ်တဲ့ မိသားစုဝင်တွေတက်ရောက်တဲ့ လက်ထပ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်၊ ကျွန်မချစ်တဲံသူနဲ့ ပျော်ရွှင်တဲ့ မိသားစုတစ်ခုကို စတင်တော့မှာပါ၊ တစ်ဦးကိုတစ်ဦးလည်း ကျွန်မတို့ ချစ်ခင်သွားမှာပါ၊ ကျွန်မခင်ပွန်းဟာ နာမည်ကျော်ကြားသူတစ်ယောက်မဟုတ်တဲ့အတွက် သတိထားချင်ခဲ့ နားလည်ပေးကြပြီး ဆုမွန်ကောင်းတောင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ရှင်တို့ ကျွန်မကိုပေးခဲ့တဲ့ အချစ်နဲ့ ထောက်ခံမှုတွေကို ကျွန်မအမြဲတမ်းအမှတ်ရနေပါ့မယ်၊ မင်းသမီးတစ်ဦးအနေနဲ့ ကျွန်မရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာပါ၊ နေထိုင်ကောင်းအောင်နေကြပါ၊ ကျေးဇူးတင်ပါတယ်၊ ချစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။


မင်းသမီးဟာ Woman With a Suitcase,” “Twenty Again,” “Temptation,” “The Suspicious Housemaid,” နဲ့ “Air City” ရုပ်သံဇာတ်လမ်းတွဲတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
soompi

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

Banner Top