Banner Top

Member Area

Stray Kids အဖွဲ့၏ “District 9” သီချင်း ၂၄ နာရီအတွင်း လူကြည့်အများဆုံး Kpop အဖွဲ့ပွဲဦးထွက် MV ဖြစ်လာ

  •  Uchun
  • Category: News

Stray Kids အဖွဲ့ဟာ ပွဲဦးထွက်ချိန်မှာပဲစံချိန်တွေကို တင်နိုင်ထားပြီးဖြစ်ပါတယ်။

မတ် ၂၆ ရက် ကိုရီးယား စံတော်ချိန် ညနေ ၆ နာရီမှာ JYP အင်တာတိန်းမန့်ရဲ့ အမျိုးသားအဖွဲ့သစ်ဟာ သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်နဲ့ “District 9” ဂီတဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ မတ် ၂၇ ရက် ညနေ ၆ နာရီ၊ ဖြန့်ချိပြီး ၂၄ နာရီအတွင်းမှာပဲ “District 9” ဂီတဗီဒီယိုဟာ Youtube မှာ ကြည့်ရှုမှုအကြိမ်ရေ ၄,၂၇၄,၆၄၉ ရှိခဲ့ပါတယ်။

ပထမဆုံး ၂၄ နာရီအတွင်းမှာ ကြည့်ရှုမှုအကြိမ်အရေအတွက်အများဆုံးရရှိခဲ့တဲ့ Kpop အဖွဲ့ ပွဲဦးထွက် သီချင်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စံချိန်ကတော့ Wanna  One အဖွဲ့ရဲ့ “Energetic” ဂီတဗီဒီယိုဖြစ်ပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှု ၄,၀၃၄,၇၉၅ ကြိမ်ဖြစ်ပါတယ်။  “District 9” သီချင်းဟာ Stray Kids အဖွဲ့ဝင်တွေ ကိုယ်တိုင်ရေးစားထားတဲ့ သီချင်းတွေပါဝင်တဲ့ “I am NOT” ပွဲဦးထွက်အယ်ဘ်ဘမ်ရဲ့ ခေါင်းစီးတေးလည်း ဖြစ်ပါတယ်။ ဖြန့်ချိပြီး နာရီအနည်းငယ်အတွင်းမှာ အဲဒီအယ်လ်ဘမ်ဟာ ကမ္ဘာတဝန်းက iTunes အယ်လ်ဘမ် ဇယားတော်တော်များများမှာ ထိပ်ပိုင်းရောက်ရှိခဲ့ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top