Banner Top

Member Area

GD နဲ့ ထယ်ယန်း စစ်မှုမထမ်းခင် နှုတ်ဆက်ပါတီမှာ အတူပြန်ဆုံခဲ့ကြတဲ့ BIGBANG အဖွဲ့သားများ

  •  Micky
  • Category: News

BIGBANG အဖွဲ့သား ငါးဦးလုံးဟာ GD နဲ့ ထယ်ယန်းတို့ စစ်မှုမထမ်းခင်မှာပဲ ပြုလုပ်တဲ့ နှုတ်ဆက်ပါတီတစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။

54544

ဖေဖော်ဝါရီ ၂၂ ရက်မှာပဲ ထယ်ယန်းဟာ သူ့ရဲ့အင်စတာဂရမ်မှာ ပါတီမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကို တင်ခဲ့ပါတယ်။ ဓါတ်ပုံတစ်ခုမှာဆိုရင် "BIGBANG Forever" လို့စာလုံးတွေ ရေးထိုးထားတဲ့ ကိတ်တစ်ခုရဲ့ ပုံကိုတွေ့ရပြီးတော့ တခြားဓါတ်ပုံတစ်ခုမှာဆိုရင်တော့ အဖွဲ့ဝင်ငါးဦးရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုကို ပြန်လည်ရိုက်ကူးထားတာတွေ့ရပါတယ်။

4154556

အဲဒီပါတီပွဲမှာ BIGBANG အဖွဲ့ဝင်တွေ အားလုံးပြန်ဆုံခဲ့ရုံသာမက သူတို့ရဲ့ သူငယ်ချင်း ဖိလစ်ချွန်းနဲ့လည်း ပြန်ဆုံကြတာကိုတွေ့ရပါတယ်။ ဖိလစ်က "အဖွဲ့ဝင်တွေ စစ်မှုထမ်းဆောင်မှုကို ကျန်းမာစွာနဲ့ ဖြည့်ဆည်း ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်"လို့ ရေးသားပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

အဖွဲ့ဝင်တွေနဲ့ အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို တင်ခဲ့သလို အဖွဲ့ဝင်တွေကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။
ယခင်က သတင်းတွေထွက်ထားတဲ့အတိုင်း GDragon ဟာ ဖေဖော်ဝါရီ ၂၇ ရက်မှာ စစ်မှုထမ်းမှာဖြစ်ပြီး ထယ်ယန်းကတော့ မတ် ၁၂ ရက်မှာ စစ်မှုထမ်းမှာဖြစ်ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top