Logo
Print this page

'Sketch' အမည်ရှိ ဒရမ်မာတွင် ရိန်းပါဝင်မည်

အဆိုတော် သရုပ်ဆောင်ရိန်းဟာ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် 'Sketch' အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်မယ်လို့ သိရပါတယ်။

ရိန်းဟာ လာမယ့် နွေရာသီမှာ ထုတ်လွှင့်ဖို့စီစဉ်ထားတဲ့ ဒရမ်မာအသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ JTBC နဲ့ RAIN Company တို့က အတည်ပြုခဲ့ပါတယ်။ မူလကတော့ ကမ်းလှမ်းချက်ကို လက်မခံဖို့ လုပ်ခဲ့ပေမယ့် ပြန်ပြီးဆွေးနွေးညှိနှိုင်းခဲ့ပုံ ရပါတယ်။

'Sketch' ဒရမ်မာဟာ SBS ရုပ်သံလိုင်းရဲ့ 'Please Come Back, Mister' ဒရမ်မာ ပြီးတဲ့နောက် ၂ နှစ်အတွင်း ပြန်လည်ရိုက်ကူးတဲ့ ပထမဆုံဒရမ်မာလည်း ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်တုန်းကပဲ KBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ 'The Unit' ပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ်။ 'Sketch' ဒရမ်မာကို ပရိသတ်တွေက မေလနဲ့ဇွန်လမှာ ကြည့်ရှုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အသေးစိတ်ကိုတော့ မကြာခင်မှာထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
allkpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!