Banner Top

Member Area

ယူနီဆက်ဖ် ကမ်ပိန်းတစ်ခုမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ဂုံယူ

  •  Uchun
  • Category: News

မင်းသား ဂုံယူဟာ ယူနီဆက်ဖ်ရဲ့ အခြားကမ်ပိန်းတစ်ခုမှာလည်း ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

မင်းသားဟာ အဲဒီအဖွဲ့ရဲ့ ကိုရီးယားကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့အသစ် လူသစ်စုဆောင်းဖို့ မင်းသား ဂုံယူဟာ ပရိုမိုးရှင်းဗီဒီယိုတစ်ခုမှာ သူနဲ့အတူ ကုသိုလ်ကောင်းမှုတွေ လုပ်ကိုင်တဲ့နေရာမှာ ပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက "ဆင်းရဲမွဲတေမှု၊ စစ်ပွဲနဲ့ သဘာဝဘေးတွေဟာ ဒရမ်မာနဲ့ ရုပ်ရှင်တွေမှာမှာပဲ ပါဝင်နေတာမဟုတ်ပါဘူး၊ နေ့တိုင်း ကလေးငယ် ထောင်ပေါင်းများစွာက ရင်ဆိုင်နေရတာဖြစ်ပါတယ်၊ တကယ့်ဘဝမှာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အခုဆက်လက်လုပ်ဆောင်နေတဲ့ ကမ်ပိန်းကတော့ ဒီနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ 'UNICEF Team' ပဲ ဖြစ်ပါတယ်။ 'UNICEF Team' အဖွဲ့ဟာ လိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီတဲ့နေရာမှာ အင်အားတွေ ပေါင်းစည်းဖို့ ကမ္ဘာတဝန်းလုံးက လူတွေကို စုစည်းကြမှာပဲဖြစ်ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top