အမျိုးသမီးလုံခြုံရေးဝန်ထမ်းကို ဂရုတစိုက်ရှိပေးခဲ့တဲ့ MONSTA X အဖွဲ့ဝင် I.M
- Micky
- Category: News
MONSTA X အဖွဲ့ဝင် I.M ဟာ Staff တစ်ဦးအပေါ် သူ့ရဲ့ဆက်ဆံပုံအတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။
မတ်လ ၂ ရက်မှာ MONSTA X အဖွဲ့ဟာ စင်ကာပူနိုင်ငံမှာရှိတဲ့ Plaza Singapura မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို အမိုးဖွင့်နေရာတစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီးတော့ အဆောက်အဦးထဲကနေ သူတို့လမ်းလျှောက် ထွက်လာခဲ့ရပါတယ်။ အဲဒီနေ့မှာ မိုးရွာနေတဲ့အတွက် အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ကိုယ်ရံတော်တစ်ဦးချင်းစီ ဘေးမှာ ရံပြီး ထီးတွေနဲ့ လိုက်ပါလာခဲ့ပါတယ်။ အမျိုးသမီး လုံခြုံရေးဝန်ထမ်းနဲ့အတူ လိုက်ပါလာတဲ့ အဖွဲ့ဝင် I.M ဟာ သူလုပ်ခဲ့တာလေးကို ပရိသတ်တွေ ရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ပထမဆုံးမှာ အဲဒီအမျိုးသမီးဝန်ထမ်းဟာ ထီးရဲ့ အကာအကွယ်အောက်မှာမရှိဘဲ ဖြစ်ခဲ့တာပါ။ fancam မှာ မြင်တွေ့ရတဲ့အတိုင်း တချိန်တည်းမှာ ထီးတစ်လက်ကို လူနှစ်ယောက် ဆောင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ အဲဒီဝန်ထမ်း မိုးရေစိုနေတာကို တွေ့လိုက်ရတဲ့အခါ I.M ဟာ သူနဲ့နီးအောင် ဝန်ထမ်းရဲ့ ပုခုံးကို ခပ်ပါးပါးလေး ဆွဲထားခဲ့ပါတယ်။ အဲဒီဝန်ထမ်းဟာ Idol ရဲ့ Privacy ပိုပေးဖို့အတွက် သူနဲ့ နည်းနည်းဝေးနေတာကို တွေ့ခဲ့ရပါတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ I.M လေးရယ်။
Fancam ဗီဒီယို ဒီမှာကြည့်ပါ။
KL
ဆက်စပ်နေသော ရေးသားချက်များ
-
HAPPY BIRTHDAY to MONSTAX Minhyuk
HAPPY BIRTHDAY to MONSTAX Minhyuk#HBDtoMINHYUK#몬베베_짱친_민혁이생일 -
နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ အတွက် သံတမန် အဖြစ်ခန့်အပ်ခဲ့ရတဲ့ MONSTA X အဖွဲ့
MONSTA X အဖွဲ့ကို ယခုနှစ်ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆိုးလ်မြို့မှာကျင်းပမယ့် ၁၉ ကြိမ်မြောက်အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံကိုမြှင့်တင်ရန် သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
-
구미호뎐 OST Part 2] SHOWNU (MONSTA X) - I′ll Be There
-
ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်မယ့် Monsta X အဖွဲ့
Monsta X အဖွဲကဟာ အခုသီတင်းပတ်မှာ ဆိုးလ်မြို့ကနေ အစပြုပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက မေ ၂၄ ရက်မှာပဲ ပြောကြားလိုက်ပါတယ်။ Starship အင်တာတိန်းမန့်က အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ လန်ဒန်၊ အမ်စတာဒမ်၊ မက်ဒရစ်၊ ဘန်ကောက်၊ ဟောင်ကောင် နဲ့ နယူးယောက်မြို့တို့ အပါအဝင် ကမ္ဘာတဝန်းက မြို့ပေါင်း ၁၈ ခုမှာ “The Connect” လို့အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကမ္ဘာ လှည့်ဖျော်ဖြေပွဲမှာ သြဂုတ်လမှာ အဆုံးသတ်မယ်လို့ဆိုပါတယ်။
-
အမျိုးသမီးလုံခြုံရေးဝန်ထမ်းကို ဂရုတစိုက်ရှိပေးခဲ့တဲ့ MONSTA X အဖွဲ့ဝင် I.M
MONSTA X အဖွဲ့ဝင် I.M ဟာ Staff တစ်ဦးအပေါ် သူ့ရဲ့ဆက်ဆံပုံအတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။
-
အအေးမိတုပ်ကွေးရောဂါခံစားနေရတဲ့ MONSTA X အဖွဲ့ဝင် Minhyuk
MONSTA X အဖွဲ့ဝင် Minhyuk ဟာ အအေးမိတုပ်ကွေးရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်မှာ MONSTA X အဖွဲ့ဟာ သူတို့ရဲ့ တရားဝင်ဂျပန်ဝက်ဘ်ဆိုက်မှာ Minhyuk ဟာ အဖွဲ့ရဲ့ “Spotlight" သီချင်းဖြန့်ချိမှုကို ဂုဏ်ပြုမယ့် ပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။