Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

Fly Up အင်တာတိန်းမန့်နှင့်လက်မှတ်ထိုးရန် Girls’ Generation အဖွဲ့ဝင် Seohyun ဆွေးနွေးနေ

  •  
  • Category: News

Girls’ Generation အဖွဲ့ဝင် Seohyun ဟာ အေဂျင်စီအသစ်တစ်ခုနဲ့ မကြာခင်မှာပဲ လက်မှတ်ရေးထိုးနိုင်ဖွယ် ရာ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မှာပဲ Seohyun ဟာ Lee Bo Young, Choi Kang Hee, Kim Seo Hyung နဲ့ Yoo In Young တို့လိုမျိုး သရုပ်ဆောင်တွေကို စီမံခန့်ခွဲပေးနေတဲ့ Fly Up အင်တာတိန်းမန့်နဲ့ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတယ်လို့့ သတင်းတွေထွက်ပေါ်လာပါတယ်။ Fly Up အင်တာတိန်းမန့်ကတော့ အဲဒီသတင်းတွေကို အခုလိုမျိုးတုန့်ပြန်ထားပါတယ်။

"ကျွန်တော်တို့ Seohyun နဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးဖို့ တွေ့ဆုံခဲ့တယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ခုခုဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး"

Seohyun ဟာ SM အင်တာတိန်းမန့်နဲ့အတူ စာချုပ်အသစ်ထပ်မံ ချုပ်ဆိုခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဆူယောင်း၊ တစ်ဖနီတို့နဲ့အတူ ပြီးခဲ့တဲ့နှစ်ကပဲ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ Seohyun ဟာ တစ်ကိုယ်တော် အေဂျင်စီတစ်ခုထောင်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူဟာ အနာဂတ်မှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ သူ့ရဲ့အနုပညာလုပ်ငန်းကို ချဲ့ထွင်ဖို့ အေဂျင်စီတစ်ခုထောင်နိုင်ဖို့ရာ အဆင်မပြေခဲ့ပုံရပါတယ်၊
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top