Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

BTS အဖွဲ့ဝင် JHope ရဲ့ ပုံကို အင်စတာဂရမ်မှာ တင်လိုက်တဲ့ ကမ္ဘာကျော် နပန်းသမား ဂျွန်ဆီနာ

  •  
  • Category: News

ကမ္ဘာကျော် နပန်းသမား ဂျွန်ဆီနာဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ JHope ရဲ့ ဓါတ်ပုံတစ်ခုကို တင်ခဲ့တဲ့အတွက် ARMY တွေဟာ အံ့သြသင့်ခဲ့ကြရပါတယ်။ 

အဲဒီဓါတ်ပုံကိုတော့ BTS ရဲ့ အယ်လ်ဘမ် 'You Never Walk Alone' ထဲက ယူထားတာဖြစ်ပြီး ဂျွန်ဆီနာဟာ အဲဒီအယ်လ်ဘမ် ကို အရမ်းကြိုက်နှစ်သက်ပုံရပါတယ်။ ဂျွန်ဆီနာဟာ ဖေဖော်​ဝါရီ ၇ ရက်မှာ အဲဒီပုံကို တင်ခဲ့တာ ဖြစ်ပြီး ပုံစာမှာတော့ ဘာမှရေးသားခဲ့တာမရှိပါဘူး၊

HL

ဒါပေမယ့်လည်း ပရိသတ်တွေကတော့ မေးခွန်းတွေ တသီကြီး မေးမြန်းခဲ့ကြပါတယ်။ ဂျွန်ဆီနာကတော့ ပို့စ်တင်လိုက်တိုင်း ပုံစာရေးလေ့ရေးထ မရှိပါဘူး။ သူ့ရဲ့ Bio မှာကတော့ "ကျွန်တော့်အင်စတာဂရမ်ကနေ ကြိုဆိုပါတယ်၊ ဒီပုံတွေကို ရှင်းလင်းချက် မပေးဘဲ တင်သွားမှာပါ၊ ပျော်ရွှင်ပါစေ" လို့ ရေးသားထားပါတယ်။ ကဲ သင်တို့ရော ဘယ်လိုထင်ပါသလဲ။

KL

Banner Top