Banner Top

Member Area

'100-Day Husband' ဒရမ်မာတွင် D.O. နှင့်အတူ ဦးဆောင်ပါဝင်ရန် မင်းသမီး နမ်ဂျူယောင်း ကို ကမ်းလှမ်းထား

  •  Micky
  • Category: News

မင်းသမီးနမ်ဂျူယောင်းဟာ '100-Day Husband' ဒရမ်မာမှာ အဓိကမင်းသမီးအနေနဲ့ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

သူ့ရဲ့ label ကုမ္ပဏီဖြစ်တဲ့ Management Soop မှ ကိုယ်စားလှယ်တစ်ဦးက

နမ်ဂျီယောင်းဟာ '100-Day Husband' အတွက် ကမ်းလှမ်းမှု လက်ခံရရှိထားတယ်ဆို တာ အမှန်ပါပဲ၊ သူက ဇာတ်ရုပ်အတွက် စဉ်းစားနေပါတယ်

လို့ ပြောဆိုခဲ့ပါတယ်။

နမ်ဂျီယောင်းဟာ အဓိကမင်းသမီးအဖြစ် ကမ်းလှမ်းခံထားရချိန်မှာ EXO အဖွဲ့ဝင် D.O. ကလည်း ပြီးပြည့်စုံတဲ့ မင်းသားလေး လီယောအဖြစ် အဓိကမင်းသားနေရာမှာ ပါဝင်ဖို့ စဉ်းစားနေပါတယ်။ အတွင်းသတင်းတချို့ရဲ့ အဆိုအရကတော့ D.O. က ဒရမ်မာမှာ ပါဝင်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုပါတယ်။ အဓိကမင်းသမီးကတော့ ဂျိုဆွန်းခေတ်မှာ ပထမဆုံံးစုံထောက်အေဂျင်စီတစ်ခုကို တည်ထောက်မယ့် ဟုန်ရှင်းဆိုတဲ့ သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top