Logo
Print this page

ထူးထူးခြားခြား ပရိသတ်စိတ်ဝင်စားမှု ရနေတဲ့ လိင်တူချစ်သူအသားပေး 'In Between Seasons' ရုပ်ရှင်

ဖေဖော်ဝါရီ ၆ ရက်မှာ 'In Between Seasons' ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ ယုံဆန်မြို့မှာရှိတဲ့ iPark Mall မှာ ရုပ်ရှင်အထူးပွဲမပြသမီ သတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကို တောင်ကိုရီးယားမှာ ဖေဖော်ဝါရီ ၂၂ ရက်မှာစတင်ရုံတင်ပြသသွားမှာပါ။ အဲဒီရုပ်ရှင်ဟာ လိင်တူချစ်သူ အသားပေး ရုပ်ရှင်ဖြစ်တဲ့အတွက် တောင်ကိုရီးယားမှာ အဲလိုရုပ်ရှင်က ရှားပါးပြီးတော့ ကြည့်ရှုမယ့် ပရိသတ်တွေကလည်း သိလိုစိတ်ပြင်းပြနေတာပါ၊ အခုဆိုရင်တော့ အထူးပွဲအတွက် ပရိသတ်တွေက တော်တော်လေးကို စိတ်ဝင်စားခြင်းခံခဲရတာပါ။

LuTein 1

 

အဲဒီဇာတ်လမ်းဟာဆိုရင်တော့ ဆူယောင်းဆိုတဲ့ ကောင်လေးကို တစ်ဦးတည်းမွေးခဲ့ရတဲ့ မီဂျောင်းဆိုတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ ဆူယောင်းဟာ အထက်တန် တတိယနှစ်ဖြစ်ပြီး တော့ လိမ္မာတဲ့ သားတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆူယောင်းဟာ သူငယ်ချင်း ယုန်ဂျွန်းကို အိမ်ခေါ်လာပြီးတော့ သူတို့နဲ့အတူတူနေစေပါတယ်။ နှစ်နှစ်လောက်ကြာတဲ့အခါမှာ ဆူယောင်းဟာ စစ်တပ်ထဲကနေ ပြန်ထွက်လာပါတယ်။ ဆူယောင်းနဲ့ ယုန်ဂျွန်းတို့ဟာ ခရီးတစ်ခုသွားရင်းနဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ဆူယောင်းဟာ အဲဒီအချိန်မှာ ကိုမာရောဂါရရှိခဲ့ပြီး မေ့မျောနေခဲ့ပါတယ်။ မိခင်ဖြစ်တဲ့ မီဂျောင်းက ယုန်ဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ နောက်တော့ သားဖြစ်သူဆူယောင်းနဲ့ ယုန်ဂျွန်းတို့က ချစ်သူတွေ ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို မီဂျောင်းတစ်ယောက် သိရှိခဲ့ပါတော့တယ်။

KL

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!