Banner Top

Member Area

ကွယ်လွန်သူ ဂျွန်ယောင်းနဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုတင်လိုက်တဲ့ သူ့သူငယ်ချင်း

  •  Micky
  • Category: News

ဂျွန်ယောင်းကွယ်လွန်ခဲ့တဲ့ ၄၉ ရက်ပြည့်ခဲ့ပါပြီ။

Capture

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ကွယ်လွန်ခဲ့ပေမယ့် သူဟာ ပရိသတ်တွေရဲ့ နှလုံးသားမှာ ထာဝရရှင်သန်နေမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၄ရက်မှာ ဂျွန်ယော့လို့ခေါ်တဲ့ ဂျွန်ယောင်းရဲ့ သူငယ်ချစ်တစ်ယောက်ဟာ အင်စတာဂရမ်အကောင့်မှာ ကွယ်လွန်သူ ဂျွန်ယောင်းနဲ့ ရိုက်ကူးခဲ့ ဖူးတဲ့ ပုံတစ်ခုကို တင်ခဲ့ပါတယ်။

အဲဒီပုံနဲ့အတူ သူရေးခဲ့တာက " ၄၉ ရက်တောင်ရှိပါပြီ၊ အချိန်တွေ ကုန်လွန်ခဲ့ပေမယ့် မင်းကို အတွေးထဲမှာ ရှိလို့ အမြဲတမ်း ညဘက်တွေ မအိပ်နိုင်ခဲ့ပေမယ့် ခွဲခွာခဲ့ရပါတယ်၊ အရူးလိုကောင်၊ ဒီနေ့လည်းပဲ အရမ်းသတိရနေတယ်" လို့ ရေးသားခဲ့ပါတယ်။

ရိုးရာအရကတော့ လူတစ်ဦးသေဆုံးပြီး ၄၉ ရက်ဆိုတဲ့အချိန်ကာလဟာ အဲဒီသေဆုံးသူရဲ့ စိတ်ဝိညာဉ်ကို ပြန်စစ်ဆေးဖို့နဲ့ သူ့ရဲ့ကံတရား ကုစားဖို့ အချိန်ဖြစ်တယ်လို့ ယူဆကြပါတယ်၊ မဟာယနဗုဒ္ဓအယူဝါဒအရ သေလွန်ပြီး ၄၉ ရက်အတွင်းမှာ နောက်ဘဝမှာ ပြန်လည်မွေးဖွားဖို့အတွက် ကံတရားကို ဆန်းစစ်တဲ့ အချိန်ကာလတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top