Logo
Print this page

ကင်မရာကြောက်တယ်ဆိုတဲ့ ဂျောင်ဆိုမင် အဲဒီအခက်အခဲကို ဘယ်လိုဖြတ်ကျော်ခဲ့တာလဲ

ဂျောင်ဆိုမင်ဟာ ကင်မရာတွေအရှေ့မှာဆိုရင် စိတ်မသက်မသာဖြစ်ရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ ဂျောင်ဆိုမင်ဟာ tvN က ထုတ်လွှင့်နေတဲ့ 'Life Bar' အစီအစဉ်မှာ ဂိုဂျောင်ဖြို နဲ့ ဂျိုဂျယ်ယောင်း တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ မင်းသမီးဟာ ကင်မရာရှေ့မှာ သရုပ်ဆောင်ဖို့ အခက်အခဲတွေရှိခဲ့တဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။


"စိတ်လှုပ်ရှားမှုများတဲ့ ဇာတ်ဝင်ခန်းတွေမှာ လုပ်ရကိုင်ရတာ ခက်ခဲနေဆဲပါပဲ၊ တကယ်တော့ ကျွန်မ ကင်မရာကို ကြောက်နေတုန်းပါပဲ၊ တစ်ယောက်ယောက်က ကျွန်မကို အာရုံစိုက်ပြီးကြည့်နေတာကို ပျော်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး၊ ကျွန်မတစ်ယောက်တည်း လေ့ကျင့်နေတဲ့ အချိန်မှာတော့ အရာအားလုံးက အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျွန်မပထမဆုံး သရုပ်ဆောင်ခဲ့အခါမှာ ကင်မရာတွေ လည်နေတဲ့အသံကို ကြားရပါတယ်"

Kim 2

 


"ကဏ္ဍစုံအစီအစဉ်တွေမှာ ကင်မရာတွေအများကြီးရှိလို့ ကျွန်မအတွက် ပိုကောင်းပါတယ်၊ ဒါပေမယ့် စိတ်လှုပ်ရှားရမယ့် ဇာတ်ဝင်ခန်းတွေကို ကြောက်နေမိတုန်းပါ၊ ကျွန်မကင်မရာကိုကြည့်လိုက်တဲ့အခါမှာ ဖန်သားပြင်မှာ ကျွန်မသရုပ်ဆောင်တာကို စောင့်ကြည့်နေတဲ့ လူတွေရှိနေတယ််ဆိုတာကိုခံစားမိပါတယ်၊ ကျွန်မက တက်သစ်စမင််းသမီး ဖြစ်ခဲ့စဉ်အခါက လူတွေက ကျွန်မကို မျက်ရည်ကျခိုင်းရင် မျက်ရည်က မကျနိုင်ဘူး ဖြစ်ခဲ့ပါတယ်၊ သူတို့က ကျွန်မကို စောင့်ပေးခဲ့ပေမယ့် ဖိအားပေးရသလို ခံစားရတဲ့အတွက် မျက်ရည်က လုံးဝမကျတော့တာပါ"

ဗီဒီယိုဖိုင်ကိုကြည့်ရှုနိုင်ပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!