Banner Top

Member Area

မိခင်ရောကလေးပါ ကျန်းမာတဲ့အကြောင်း ဂျွန်းဂျီဟွန်းရဲ့ အေဂျင်စီ တရားဝင်ကြေညာချက်ထုတ်ပြန်

  •  Micky
  • Category: News

မင်းသမီး ဂျွန်းဂျီဟွန်းရဲ့ အေဂျင်စီကတော့ မင်းသမီးရဲ့ ဒုတိယမြောက်သားလေးနဲ့ ပတ်သက်တဲ့ တရားဝင် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂျွန်းဂျီဟွန်းဟာ ဇန်နဝါရီ ၂၆ ရက်မှာ ဒုတိယမြောက်သားလေးကို မွေးဖွားခဲ့ပြီလို့ ဆိုပါတယ်။ အဲဒီသတင်းကောင်းထွက်ပေါ်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ Culture Depot က တရားဝင် ကြေညာချက်တစ်စောင်ထုတ်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

"မင်္ဂလာပါ၊ ဂျွန်းဂျီဟွန်းရဲ့ Label ဖြစ်တဲ့ Culture Depot ဖြစ်ပါတယ်၊ ဂျွန်းဂျီဟွန်းဟာ ၂၆ ရက်၊ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီ၊ ဆိုးလ်မြို့မှာရှိတဲ့ သားဖွားဆေးရုံတစ်ခုမှာ ကျန်းမာတဲ့သားယောကျာ်းလေးတစ်ယောက်ကို မွေးဖွားပေးခဲ့ပြီ ဆိုတဲ့ သတင်းကို ပြောပြပေးချသ်ပါတယ်၊ သူတို့ဟာ လက်ရှိမှာတော့ ပျော်ရွှင် ကျန်းမာကြပါတယ်"

မင်းသမီးတို့ မိသားစုမှာ ဒုတိယရင်သွေးလေးရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်နော်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top