Banner Top

Member Area

အိုလံပစ်ပွဲပြီးတဲ့နောက် မတ်လထဲမှာ အယ်လ်ဘမ်သစ်ထုတ်ဖို့ ရှိတဲ့ Wanna One

  •  Micky
  • Category: News

Wanna One အဖွဲ့ရဲ့ Comeback နဲ့ ပတ်သက်တဲ့ သတင်းတွေကို YMC အင်တာတိန်းမန့်က တုန့်ပြန်ပြောကြားလိုက်ပါတယ်။

 

Wanna One1

ဇန်နဝါရီ ၂၅ ရက်မှာပဲ အဖွဲ့ဟာ အိုလံပစ်ပြိုင်ပွဲပြီးတဲ့နောက် မတ်လထဲမှာ အယ်လ်ဘမ်သစ်တစ်ခုနဲ့ ပြန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသတင်းကိုတုန့်ပြန်တဲ့အနေနဲ့ YMC အင်တာတိန်းမန့်မှ သတင်းအရင်းအမြစ်တစ်ခုက အခုလိုပဲ မှတ်ချက်ပေးထားပါတယ်။

" Wanna One ရဲ့ Comeback ရက်စွဲနဲ့ပတ်သက်လို့ ဘာကိုမှအတည်မပြုရသေးပါဘူး"

Wanna One အဖွဲ့ဟာ မကြာခင်ပြုလုပ်တော့မယ့် သူတို့ရဲ့ Comeback ကို အကြိမ်ပေါင်းများစွာ သဲလွန်စ ပေးထားခဲ့ပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း ကင်ဂျယ်ဟွမ်ဟာ ဂျောင်ဆယ်ဝန်းနဲ့ V Live မှာ ဖုန်းပြောနေတဲ့အချိန် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်တွေကတော့ အနားမရသေးတဲ့ အဖွဲ့ဝင်တွေအတွက် စိတ်ပူနေကြပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင်တွေဟာ Repackaged အယ်လ်ဘမ်တစ်ချပ်နဲ့ မီနီအယ်လ်ဘမ် တစ်ချပ်ကို ထုတ်ဝေခဲ့ပြီး ဖျော်ဖြေပွဲနှစ်ပွဲ ပြုလုပ်ကျင်းပခဲ့့ပါတယ်၊ ပြီးတော့ များပြားတဲ့ ပရိသတ်တွေ့ဆုံပွဲတွေကို တက်ရောက်ရတဲ့အပြင် ကဏ္ဍစုံအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ရပါတယ်၊ ပြီးတော့ အာရှနယ်လှည့် ဖျော်ဖြေပွဲအတွက် ခရီးသွားခဲ့ကြရပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top