Banner Top

Member Area

ကင်ထယ်ဟီး၊ ဂျွန်ဂျီယောင်းတို့ထက်ပိုလှတယ်ဆိုတဲ့ မင်းသမီးက ဘယ်သူလဲ

  •  Y Nay
  • Category: News

'ကင်ထယ်ဟီးနဲ့ ဂျွန်ဂျီယောင်းတို့ထက် သူကပိုလှတယ်လို့ ပြောတဲ့ အမျိုးသမီး' လို့နာမည်ပေးထားတဲ့ ပို့စ်တစ်ခုဟာ အွန်လိုင်းပေါ်မှာ လူအများတုံ့ပြန်ပြောဆိုတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ အဲဒီနာမည်ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုဟာ TheQoo , Inven နဲ့ FM Korea တို့လိုမျိုးအွန်လိုင်းကွန်မြူနီတီတွေမှာ ပျံ့နှံ့ခဲ့ပြီး လူအများရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ အဲဒီပို့စ်မှာ ၂၀၁၇ ခုနှစ် မတ်လတုန်းက ထုတ်လွှင့်ခဲ့တဲ့ JTBC ရုပ်သံရဲ့ ‘Knowing Bros' အစီအစဉ်ထဲက မင်းသမီး ကင်ဟီဆွန်းပါဝင်ခဲ့ပုံတွေ တော်တော်များများ ပါဝင်နေခဲ့တာပါ။

rwg g

အဲဒီအချိန်တုန်းက မင်းသမီး ကင်ဟီးဆွန်းဟာ ‘Knowing Bros' အစီအစဉ်မှာ ဧည့်သည်တော်အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့တုန်းက အစီအစဉ်တင်ဆက်သူ ဂန်ဟိုဒုံက မင်းသမီးရဲ့ အလှကို အားကျပြီး ပလက်စတစ်ဆာဂျရီခွဲစိတ်ဆရာဝန်တွေက ရွေးချယ်တဲ့ နံပါတ် ၁ နေရာ၊ ကွန်ပျူတာကရွေးချယ်တဲ့ လိုက်ဖန်ညီတဲ့ နံပါတ်၁ အလှနဲ့ ပီဒီသတင်းထောက်တွေနဲ့ ကင်မရာသမားတွေက ရွေးချယ်တဲ့ တကယ့်ဘဝထဲက အလှပဆုံး ဆယ်လီစတဲ့ တင်စားဖွယ်ရာတွေကို ပြောဆိုခဲ့ပါတယ်။

rg hte hehg

အဲဒီအချိန်မှာ ဂန်ဟိုဒုံက ကင်ဟီးဆွန်းကို 'ဘယ်ဘက်ရင်ဘတ်ပေါ်မှာ လက်ကို တင်ပြီး ရိုးရိုးသားသားဖြေနော်' လိုမေးခဲ့ပါတယ်။ သူက 'နံပါတ် ၁ ကင်ဟီးဆွန်း၊ နံပါတ် ၂ ကင်ထယ်ဟီး၊ နံပါတ် ၃ ဂျွန်ဂျီယောင်း ဘယ်သူအလှဆုံးလဲ' လို့ မေးမြန်းခဲ့ပါတယ်။ မေးခွန်းမေးတာ မပြီးဆုံးခင်မှာကတည်းက ကင်ဟီဆွန်းက နံပါတ် ၁ လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက် မင်းသမီးကင်ဟီးဆွန်းက 'ဒါပေမယ့် ကင်ထယ်ဟီးနဲ့ ဂျွန်ဂျီယောင်းတို့အားလုံးက ဆွဲဆောင်မှုရှိပြီး တော်ကြပါတယ်။ သူတို့က ကျမမျိုးဆက်မှာ သူငယ်ချင်တွေပါ ပြီးတော့ နံပါတ် ၁ နေရာကတော့ ကျမပဲဖြစ်ရမှာပေါ့' လို့ သူ့ရဲ့အလှကို ဂုဏ်ယူစွာနဲ့ ပြောဆိုခဲ့ပါတယ်။

feq feg egf

မင်းသမီး ကင်ဟီးဆွန်းဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နာမည်ကျော်ယဉ်ကျေးမှု အိုင်ကွန်တစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရပြီး လှပတဲ့မင်းသမီးတွေရဲ့ ကိုယ်စားပြုသူတစ်ဦးဖြစ်ခဲ့ပါတယ်။ တချို့သုံးသပ်ချက်တွေမှာဆိုရင် ကင်ဟီးဆွန်းခေတ်ကိုကြုံခဲ့ပြီးတော့ ဘယ်မင်သမီးမှ ကင်ဟီဆွန်းလို နာမည်ကျော်ကြားမှုမရခဲ့ဘူး လို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။

uyj jje

ကင်ဟီးဆွန်းဟာ အလှအပအနေနဲ့သာမက မင်းသမီးတစ်ဦးအနေနဲ့ပါ သူ့ရဲ့ စွမ်းဆေင်ရည်ကို အသိအမှတ်ပြုခံရတဲ့ စတားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ အသက်အငယ်ဆုံး သရုပ်ဆောင်ဆု ရရှိသူဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ အသက် ၂၁ နှစ်အရွယ် Mr.Q ဆိုတဲ့ ဒရာမာနဲ့ ၁၉၉၈ ခုနှစ် SBS သရုပ်ဆောင်ဆုပေးပွဲမှာ ဆုရရှိခဲံပါတယ်။ ကင်ဟီးဆွန်းဟာ အခုနှစ်ပထမနှစ်ဝက်ကာလမှာ ထုတ်လွှင့်ပြသဖို့ ပြင်ဆင်ထားတဲ့ MBC ရဲ့ 'Tomorrow' ဆိုတဲ့ ဒရာမာမှာ ပါဝင်ဖို့ရှိပါတယ်။ ပြီးတော့ သူဟာ Netflix ရဲ့ 'The Bride of Black' ဆိုတဲ့ စီးရီးမှာလည်း ပါဝင်ဖို့ရှိနေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top