Logo
Print this page

ကနေဒါနိုင်ငံသားဖြစ်တဲ့ “Our Beloved Summer” မင်းသား Choi Woo Sik

၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ Choi Woo Sik ဟာ ကိုရီးယားမှာ မွေးဖွားခဲ့ပေမယ့် တကယ်တော့ သူဟာ ကိုရီးယားနွယ်ဖွား ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူငယ်စဉ်တုန်းက သူ့မိဘတွေက ကနေဒါနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာပုံပန်းသွင်ပြင်နဲ့ ကိုရီးယားဘာသာစကားကျွမ်းကျင်မှုကြောင့် သူဟာ လုံးဝကိုရီးယားလူမျိုးဖြစ်တယ်လို့ လူတော်တော်များများ ထင်ကြပေမယ့် တကယ်တော့သူ့မှာ “Edward Choi” ဆိုတဲ့ အင်္ဂလိပ်နာမည်ရှိနေပါတယ်။

download 2

“Parasite" ရုပ်ရှင်ပြီးတဲ့နောက် Choi Woo Sik ဟာ ဟောလိဝုဒ်လောကထဲဝင်ရောပ်ဖို့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စာကို အာရုံစိုက်လေ့လာနေတယ်လို့ လူတော်တော်များများက ထင်ခဲ့ကြပေမယ့် အင်္ဂလိပ်ဘာသာစကားက သူ့ရဲ့ မိခင်ဘာသာစကားဖြစ်ပြီး ငယ်စဉ်ကတည်းက သုံးနှုန်းခဲ့တာဖြစ်ပါတယ်။

download 14

ကနေဒါနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ Choi Woo Sik ဟာ သရုပ်ဆောင်လုပ်ဖို့ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက်သူဟာ ရုပ်ရှင်တွေမှာ မထင်မရှားဇာတ်ကောက်နေရာတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ 'Set Me Free' ဆိုတဲ့ ရုပ်ရှင်ကနေတဆင့် သူ့ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသခဲ့ပါတယ်။

download 3

အဲဒီနောက်သူဟာ “Rooftop Prince” စီးရီးမှာ ပါဝင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့နာမည်ကို ပရိသတ်တွေ တော်တော်များများ သိလာခဲံပါတယ်။ အဲဒီနောက်တော့ ရုပ်ရှင်နဲ့ စီးရီးတော်တော်များများမှဦ သရုပ်ဆောင်ခဲ့ပြီး “Train to Busan” နဲ့ “Parasite” တို့လို့ ကမ္ဘာကျော် ရုပ်ရှင်တွေကြောင့် ကမ္ဘာ့တန်းဝင် သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Parasite 3 scaled 1

သူဟာ အခုနောက်ဆုံးထွက်ထားတဲ့ “The Policeman’s Lineage” ရုပ်ရှင်နဲ့ “Our Beloved Summer” စီးရီးတို့မှာ သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ တင်ဆက်မှုတွေကနေ တဆင့် သူ့ရဲ့ နာမည်ကျော်ကြားမှုဟာ ထပ်ဆင့်ဆိုသလို တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။

download 4

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!