Logo
Print this page

အေဂျင်စီအသစ်နဲ့အတူ သရုပ်ဆောင်လှုပ်ရှားမှုတွေ ပိုတိုးလုပ်မယ့် Super Junior အဖွဲ့ဝင်ဟောင်း ကီဘမ်း

ကင်ဘမ်းဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပိုပြီးတော့ လှုပ်ရှားနိုင်ဖို့ အေဂျင်စီအသစ်တစ်ခုထံ ဝင်ရောက်ခဲ့ပါတယ်။

20220113 032724 394 0

ဇန်နဝါရီ ၁၃ ရက်မှာတော့ Super Junior အဖွဲ့ဝင်ဟောင်း ကီဘမ်းဟာ အလုံးစုံစာချုပ်တစ်ခုနဲ့ သူတို့ရဲ့ အေဂျင်စီထဲကို ဝင်ရောက်ခဲ့တယ်လို့ PA Entertainment က အတည်ပြုပါတယ်။ သူတို့က "ကျနော်တို့က ကင်ကီဘမ်းကို အပြည့်အဝ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။ သူဟာ သရုပ်ဆောင်တစ်ဦးအနေနဲ့ သူ့ရဲ့ ပရိုမိုးရှင်းလုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို အာရုံစိုက် အားပေးကြပါဦး" လို့ ပြောကြားထားပါတယ်။

ကင်ကီဘမ်းဟာ Super Junior တစ်ဦးအနေနဲ့ ၂၀၀၆ ခုနှစ်မှာ ပွဲဦးမထွင်ခင် ၂၀၀၅ ခုနှစ်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး ရုပ်သံတင်ဆက်မှုကတော့ MBC ရဲ့ 'King of Mask Singer' အစီအစဉ်အပိုင်း ၂၉၁ မှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!