Logo
Print this page

Stylist ကင်ဝူရီဆီ လက်ထပ်ပွဲဖိတ်စာ ကိုယ်တိုင်ဖိတ်ခဲ့တဲ့ မင်းသားချွဲထယ်ဂျွန်း

ဇန်နဝါရီ ၁၀ ရက်မှာ Stylist ကင်ဝူရီဟာ မင်းသား ချွဲထယ်ဂျွန်းနဲ့အတူ ပေါ့ပေါ့ပါးပါး နေ့လယ်စာ စားနေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

မင်းသားချွဲထယ်ဂျွန်းဟာ လက်ထပ်ပွဲဖိတ်စာကို ကိုယ်တိုင်ပေးဖို့ ကင်ဝူရီကို တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီပုံမှာ ကင်ဝူရီက "နောက်ထပ် လူငယ်အမျိုးသားသရုပ်ဆောင်တစ်ယောက် ရောင်းထွက်သွားပြန်ပါပြီ။ ငါတို့ရဲ့ ထယ်ဂျွန်က သူ့ရဲ့ကျောင်းယူနီဖောင်းကို ဝတ်ပြီး တောက်ပတဲ့အထက်တန်းကျောင်းသားလေးဖြစ်နေခဲ့တာ မနေ့တနေ့ကလိုပါပဲ။ ဒါပေမယ့် အဲဒီကောင်လေးပဲ သူ့ရဲ့ လက်ထပ်ပွဲဖိတ်စာကို ကျနော့်ဆီ လာပေးပါတယ်။ ပြီးတော့ ကျနော်လက်ထပ်တော့မယ် ကျနော့်ကို ဂုဏ်ပြုပေးမယ်မဟုတ်လားတဲ့လေ" လို့ ရေးသားထားပါတယ်။

20220112 012927 762 0

သူကဆက်ပြီး "ငါ့အတွက်သားလိုရော ညီလေးလိုရောဖြစ်တဲ့ ငါတို့ရဲ့ ထယ်ဂျွန်းက သူ ငယ်ငယ်ကတည်းက ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့သူတစ်ယောက်ပါ။ မင်းသားချွဲထယ်ဂျွန်းနဲ့ မင်းသမီး ပတ်ရှင်ဟေးတို့ စုံတွဲပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။" လို့ ရေးခဲ့ပါတယ်။

မင်းသားချွဲထယ်ဂျွန်းနဲ့ မင်းသမီး ပတ်ရှင်ဟေးတို့ဟာ ဆိုးလ်မြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ လက်ထပ်ပွဲပြုလုပ်မှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကိုယ်ဝန်ရှိနေကြောင်းနဲ့ လက်ထပ်တော့မှာဖြစ်တဲ့အကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!