Banner Top

Member Area

မင်းသမီး ဆုန်းယူဂျောင်း ကိုယ့်ကိုကိုယ်အဆုံးစီရင်

  •  WN
  • Category: News

မင်းသမီး ဆုန်းယူဂျောင်းဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်းတွေရဲ့အဆိုအရ မင်းသမီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး MBC ကနေ ထုတ်လွှင့်ခဲ့တဲ့ 'Golden Rainbow' စီးရီးကနေ ၂၀၁၃ ခုနှစ်မှာ အနုပညာလောကထဲ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ 'Tell Me Your Wish', 'School 2017' နဲ့ 'To My Name' စီးရီးတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။.

သူဟာ iKON အဖွဲ့ရဲ့ 'Goodbye Road' ဂီတဗီဒီယိုထဲမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး အလှကုန်ပစ္စည်းအမျိုးမျိုးအတွက် မော်ဒယ်တဦးအနေနဲ့ အလှအပလောကမှာ သူ့ကိုလူချစ်လူခင်တော်တော်ပေါများခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

Banner Top