Logo
Print this page

လာမယ့်မေလမှာ ပြသတော့မယ့် “Hospital Playlist” Season 2

ဆေးပညာလောကနဲ့ ဘဝရဲ့ တစိတ်တဒေသကို လှစ်ဟပြခဲ့တဲ့ နာမည်ကျော် ဒရာမာ “Hospital Playlist” ဟာ အခုဆိုရင် Season 2 အနေနဲ့ ပြန်လာတော့မှာဖြစ်ပါတယ်။

ဇန်နဝါရီ ၈ ရက်မှာ tvN ရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီစီးရီးဟာ လာမယ့် မေလမှာ ပြန်လာတော့မှာဖြစ်တယ်လု့ိ သိရပါတယ်။ လက်ရှိမှာတော့ ဒရာမာထုတ်လုပ်ရေးအတွက် ပြင်ဆင်နေပြီး မကြာခင် ရိုက်ကူးစတင်နိုင်တော့မယ်လို့ ဆိုပါတယ်။ ရိုက်ကူးရေးကိုတော့ အခုလနှောင်းပိုင်းလောက်မှာ လုပ်ဆောင်ဖို့ လျာထားပါတယ်။

unnamed 1

မူလတုန်းကတော့ အဲ့ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာကတည်းက ရိုက်ကူးဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ကပ်ရောဂါကြောင့် နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

ပြသမယ့်ရက်ကို အတိအကျထုတ်ပြန်တာမျိုးမရှိသေးပေမယ့် ကိုယ်စားလှယ်တွေကတော့အခုနှစ် မေလမှာ ပြသမှာဖြစ်တယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!