Logo
Print this page

တရုတ်နိုင်ငံမှာအကျော်ကြားဆုံး အမျိုးသမီးအနုပညာရှင်များအဖြစ် IU နဲ့ BLACKPINK အဖွဲ့ ရပ်တည်

IU နဲ့ BLACKPINKအဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်အတွက် တရုတ်နိုင်ငံမှာအကျော်ကြားဆုံး နိုင်ငံရပ်ခြားအမျိုးသမီးအနုပညာရှင်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Weibo ကနေ ၂၀၂၁ ခုနှစ်အစမှာ '၂၀၂၀ ပြည့်နှစ်အတွက်အကျော်ကြားဆုံး နိုင်ငံရပ်ခြားအနုပညာရှင်များ အဆင့်သတ်မှတ်ချက်' ကိုကြေညာခဲ့ပါတယ်။

1609964358 image

ဒီသတ်မှတ်ချက်မှာဆိုရင် IU က ပထမနေရာမှာရပ်တည်ခဲ့ပြီး BLACKPINK အဖွဲ့ဝင်တစ်ဉီးဖြစ်တဲ့ Lisa က ဒုတိယနေရာ၊ အခြားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie၊ Jisoo နဲ့ Rose တို့ကတော့ တတိယနေရာ၊ စတုတ္ထနေရာ နဲ့ ပဉ္စမနေရာတွေမှာ အသီးအသီး ရပ်တည်ခဲ့ကြပါတယ်။

1609967272 image

အမျိုးသားအနုပညာရှင်စာရင်းမှာတော့ EXO အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Chanyeol၊ Baekhyun နဲ့ Sehun တို့ဟာ ထိပ်ဆုံးသုံးနေရာမှာရပ်တည်ခဲ့ပြီး Big Bang အဖွဲ့ဝင်တစ်ဉီးဖြစ်တဲ့ G-Dragon နဲ့ မင်းသား Lee Jong Seok တို့ကတော့ စတုတ္ထနေရာနဲ့ ပဉ္စမနေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

1609967611 image
ဒါ့အပြင် IU ဟာဆိုရင် Weibo ရဲ့ Popularity Charts မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ၁၇ လဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!