Logo
Print this page

'Youth With You' season3မှာ အကနည်းပြအဖြစ် ပြန်လည်ပါဝင်မယ့် Lisa

BLACKPINK အဖွဲ့ဝင် Lisa ဟာဆိုရင် iQIYI ရဲ့ survival program ဖြစ်တဲ့ 'Youth With You' ရဲ့ Season 3မှာ အကနည်းပြအဖြစ် ပြန်လည်ပါဝင်မယ်လို့ တရားဝင်အတည်ပြုလိုက်ပါပြီ။

ဇန်နဝါရီလ ၇ ရက်နေ့မှာ 'Youth With You' ရဲ့ တရားဝင်ဆိုရှယ်မီဒီယာမှာ "၂၀၂၁ခုနှစ်မှာလည်း အကနည်းပြ Lisa ရဲ့ ဖျော်ဖြေမှုအနုပညာတွေကို ဆက်လက်မြင်တွေ့ရပါဉီးမယ်။ သူနဲ့အတူကခုန်ဖို့ အသင့်ဖြစ်နေပြီလား" လို့ ပို့စ်တင်ခဲ့ပါတယ်။

ဒါဟာဆိုရင် Lisa အတွက် နာမည်ကျော် survival စီးရီးမှာ အကနည်းပြအဖြစ် ဒုတိယအကြိမ်ပြန်လည်ပါဝင်လာတာဖြစ်ပြီး Season 2 မှာလည်း အမျိုးသမီးနည်းပြအဖြစ် ပါဝင်ခဲ့ပါတယ်။ အခု Season မှာတော့ အမျိုးသားနည်းပြအဖြစ် 'Produce X 101' ရဲ့ပြိုင်ပွဲဝင်ဟောင်း Tony ကဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၁ခုနှစ် အစောပိုင်းအချိန်အနည်းငယ်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုတော့ Lisa ဟာ သူ့ရဲ့ ပထမဆုံးပွဲဉီးထွက်တစ်ကိုယ်တော်အတွက် အသင့်ပြင်နေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!