Banner Top

Member Area

ကိုရီးယားတွေ မဲပေးတဲ့ ၂၀၂၀ အတွက် မှတ်မှတ်သားသား ဒရာမာ သရုပ်ဆောင်များ

  •  WN
  • Category: News

Gallup Korea ဟာ အခုနှစ်အတွက် မှတ်မှတ်သားသား အဖြစ်ဆုံး ဒရာမာစတားတွေအတွက်ရလဒ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

Gallup Korea ဟာ နှစ်တနှစ်ရဲ့ မှတ်မှတ်သားသားအဖြစ်ဆုံး ဇာတ်ကောင်တွေအတွက် တောင်ကိုရီးယားမှာရှိတဲ့ ပြည်သူတွေ မဲပေးကြတဲ့ နှစ်စဉ်လူထုစစ်တမ်းကို ၂၀၀၇ ခုနှစ်ကစလို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ နိုဝင်ဘာ ၅ ရက်ကနေ ၂၉ ရက်အထိ တောင်ကိုရီးယားကုန်းမကြီးတစ်ခုလုံးမှာရှိတဲ့ အသက် ၁၃ နှစ်နဲ့အထက် လူ ၁၇၀၀ လောက်ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အဲံဒီရလဒ်တွေကတော့ ရသစုံအစီအစဉ်စတား၊ဟာသသရုပ်ဆောင်များ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အားကစားသမားတွေအတွက် ရလဒ်လည်း ဖြစ်ပါတယ်။ မင်းသမီးကင်ဟီအယ်ကတော့ အခုနှစ်အတွက် မှတ်မှတ်သားသားအဖြစ်ဆုံး ဒရာမာ သရုပ်ဆောင်အဖြစ် ၉ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိခဲ့ပြီး JTBC ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ “The World of the Married" ဒရာမာနဲ့ အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီဒရာမာဟာ အသက် ၁၉ နှစ်အထက်သာ ကြည့်ရမယ့် ဒရာမာဖြစ်ပေမယ့် တော်တော်လေး လူကြိုက်များခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကစလို့ တောင်ကိုရီးယားတွေရဲ့ အကြိုက်ဆုံး ရုပ်သံအစီအစဉ်စစ်တမ်းမှာ ၁၀ ရာခိုင်နှုန်းကျော်ရရှိခဲ့ သတ္တမမြောက် ဒရာမာအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒုတိယနေရာမှာကတော့ “Record of Youth” ဒရာမာမှာ သရုပ်ဆောင်ခဲ့ပြီး အခုစစ်မှုထမ်းနေတဲ့ မင်းသား ပတ်ဘိုဂွန်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ “Blind” ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် မင်းသား ပတ်ဘိုဂွန်းဟာ “Reply 1988” မှာ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် နာမည်ရရှိလာခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်တော့ ထိပ်တန်း ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ ပဉ္စမမြောက်နှစ်လည်း ဖြစ်ပါတယ်။

ထိပ်တန်း ၁၀ ဦးစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Kim Hee Ae (9.4 percent)
2. Park Bo Gum (7.6 percent)
3. Hyun Bin (6.5 percent)
4. Park Seo Joon (5.9 percent)
5. Son Ye Jin (4.6 percent)
6. Suzy (4.3 percent)
7. Jeon In Hwa (4.1 percent)
8. Cha Hwa Yeon (3.2 percent) (tie)
8. Gong Yoo (3.2 percent) (tie)
10. Gong Hyo Jin (3 percent)

 

Banner Top