Banner Top

Member Area

၃၅ကြိမ်မြောက် 'Golden Disc Awards' ပွဲရဲ့ အခမ်းအနားမှူးများကို ထုတ်ပြန်

  •  mpc
  • Category: News

'Golden Disc Awards' အခမ်းအနားရဲ့ MC တွေကို ကြေညာခဲ့ပါတယ်။

၃၄ ကြိမ်မြောက် 'Golden Disc Awards'ပွဲမှာ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ Park So Dam ၊ Lee Seung Gi ၊ Lee Da Hee နဲ့ Sung Si Kyung တို့ဟာ မကြာခင်မှာကျင်းပတော့မယ့် ၃၅ကြိမ်မြောက် 'Golden Disc Awards'ပွဲမှာလည်း ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်း ဒီဇင်ဘာလ၁၅ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Park So Dam နဲ့ Lee Seung Giတို့နှစ်ဉီးကတော့ ပထမနေ့ highlighting digital releases မှာ MC အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ဒုတိယနေ့ highlighting physical album releases မှာတော့ Lee Da Hee နဲ့ Sung Si Kyung တို့က အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ၃၅ကြိမ်မြောက် 'Golden Disc Awards'ပွဲကိုတော့ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့နဲ့ ၁၀ရက်နေ့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Banner Top