Banner Top

Member Area

အချစ်ဦးနဲ့သာအဆင်ပြေခဲ့ရင် ကလေးတောင် အထက်တန်းတက်နေလောက်ပြီလို့ ဂူဟေဆွန်းဆို

  •  WN
  • Category: News

မင်းသမီးဂူဟေဆွန်းက တကယ်လို့များ အချစ်ဦးနဲ့သာ အဆင်ပြေခဲ့မယ်ဆိုရင် မိခင်တစ်ယောက်တောင် ဖြစ်နေလောက်ပြီလို့ ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်မှာ မင်းသမီးဟာ သူ့ရဲ့ IG အကောင့်မှာ ဓာတ်ပုံရိုက်ကွင်းတစ်ခုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို ဝေမျှခဲ့ပါတယ်။ ပုံစာမှာတော့ သူက "ကျမအသက်အရွယ်နဲ့ မိန်းမတစ်ယောက်လိုမျိုး ပုံစံဖြစ်နေတဲ့ ဓာတ်ပုံတွေကို ကျမကြိုက်ပါတယ်။" လို့ ပုံစာရေးခဲ့ပါတယ်။

1607908514938 1607908514938
အဲ့ဒီအထဲက မှတ်ချက်တစ်ခုမှာတော့

"ဒါပေမယ့် မင်းက အထက်တန်းကျောင်းသူတစ်ယောက်လိုမျိုးပုံစံလေးပါပဲ။"

လို့ ရေးသားထားတာမြင်တွေ့ရပါတယ်။ အဲ့ဒီမှတ်ချက်ကို မင်းသမီးက

"တကယ်လို့များ အချစ်ဦးနဲ့ အဆင်ပြေခဲ့မယ်ဆိုရင် ကျမရဲ့ ကလေးတွေတောင် အထက်တန်းကျောင်းတက်နေရလောက်ပြီ။"

လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။


မင်းသမီးဟာပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းတုန်းက မင်းသား အန်းဂျယ်ယောင်းနဲ့ တရားဝင်ကွာရှင်းခဲ့ပြီးတဲ့နောက် အချစ်အကြောင်းအကြိမ်ပြောင်းများစွာ မှတ်ချက်တွေမှာ ပြောဆိုခဲ့ဖူးတာကြောင့် မင်းသမီးရဲ့ အခုမှတ်ချက်ဟာတော့ ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကိုခံနေရတယ်လို့ သိရပါတယ်။

 

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top