Banner Top

Member Area

ကွယ်လွန်သူပတ်ဂျီဆွန်းနဲ့ ထားခဲ့တဲ့ ကတိကို တည်ခဲ့တဲ့ မင်းသား ဆောဂန်ဂျွန်း

  •  WN
  • Category: News

မင်းသား ဆောဂန်ဂျွန်းဟာ ကွယ်လွန်သူဟာသအနုပညာရှင် ပတ်ဂျီဆွန်းနဲ့ ထားခဲ့တဲ့ ကတိကို တည်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ ဆောဂန်ဂျွန်းဟာ သူ့ရဲ့ IG အကောင့်မှာ Selfie ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဲ့ဒီ Selfie ဓာတ်ပုံရဲ့ အောက်မှာ ကတိပေးတဲ့ emoji တစ်ခုကိုလည်း ထည့်ခဲ့ပါတယ်။

201501160 1280

အဲ့ဒါဟာ ပတ်ဂျီဆွန်းနဲ့ သူထားခဲ့တဲ့ ကတိတစ်ခုရဲ့ တစိတ်တပိုင်းအဖြစ် အဲ့ဒီ Selfie ပုံကိုတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မင်းသား ဆောဂန်ဂျွန်းဟာ YouTube ပွဲတစ်ခုမှာ ပတ်ဂျီဆွန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပတ်ဂျီဆွန်းက ပထမဆုံးနှင်းကျတဲ့နေ့ကျရင် ဆိုရှယ်မီဒီယာပေါ်မှာ Selfie ဓာတ်ပုံတစ်ပုံ တင်ပေးနိုင်မလားဆိုပြီး မင်းသား ဆောဂန်ဂျွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

မင်းသားက

"ကျနော်တင်ပေးမယ်။ ဒီနှစ်ဆောင်းရာသီမှာ ပထမဆုံးနှင်းကျတဲ့နေ့ကျရင် Selfie ပုံတစ်ပုံကို ဝေမျှပေးဖို့ မှတ်ထားပါ့မယ်။"

လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

201501158 1280

ပတ်ဂျီဆွန်းက

"ဂန်ဂျွန်းက လူတိုင်းနဲ့ ထားခဲ့တဲ့ ကတိတစ်ခုကို တည်တဲ့နေရာမှာ တကယ့်ကိုပဲ လက်ဖျားခါလောက်ပါတယ်။ သူက အရင်တုန်းကလည်း ကျမတို့ကြားက ကတိကိုလည်း တည်ခဲ့ပါတယ်။ သူက သင့်ကို လုံး၀ စိတ်မကောင်းဖြစ်စေမှာ မဟုတ်ပါဘူး။"

လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မနက်ခင်းမှာတော့ ဆိုးလ်မြို့တော်မှာ အခုနှစ်အတွက် ပထမဆုံးနှင်းကျခဲ့ပြီး မင်းသားဟာ ပတ်ဂျီဆွန်းနဲ့ ထားခဲ့တဲ့ ကတိကို အမှတ်ရခဲ့တဲ့ ပုံပါပဲ။

ပြီးခဲ့တဲ့လတုန်း ပတ်ဂျီဆွန်းကို သူ့ရဲ့မိခင်နဲ့အတူ အိမ်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စုံစမ်းစစ်းဆေးမှုတွေ ပြီးတဲ့နောက် သူတို့နှစ်ဦးလုံးဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ပါတယ်။

Banner Top