Logo
Print this page

'2020 MAMA' ပွဲ ကြိုတင်ရိုက်ကူးမှုပြုလုပ်ရာမှာ K-Pop အနုပညာရှင်တွေ အခက်အခဲကြုံခဲ့ရတယ်လို့ဆို

ဒီဇင်ဘာလ ၁၁ ရက်နေ့ 'Dispatch'ရဲ့ သီးသန့်အစီရင်ခံစာအရ '2020 Mnet Asian Music Awards' ပွဲဟာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေကို ကြိုတင်ရိုက်ကူးမှုပြုလုပ်စဉ်အတွင်း ဆိုးရွားလှတဲ့အခြေအနေတွေကြောင့် အခုဆိုရင် အခြားသောအငြင်းပွားဖွယ်ရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။

'2020 MAMA' ပွဲမှာ ဖျော်ဖြေကြမယ့် အနုပညာရှင်တွေဟာ လေ့ကျင့်မှုတွေနဲ့ ကြိုတင်ရိုက်ကူးမှုတွေကို ဆုပေးပွဲနေ့မတိုင်မီရက်သတ္တပတ်တွေကတည်းက လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ '2020 MAMA' ပွဲကိုတော့ Paju မှာရှိတဲ့ တည်ဆောက်နေဆဲဖြစ်တဲ့ CJ ENM Contents World မှာကျင်းပခဲ့တာဖြစ်ပါတယ်။

feewf efeq

CJ ENM ဟာဆိုရင် စုစုပေါင်းအရွယ်အစား ၃၇ ၄၀၆ စတုရန်းမီတာ (၄၀၂ ၆၃၄စတုရန်းပေ)ရှိပြီး ကိုရီးယားမှာရှိတဲ့ စတူဒီယိုစင်တာတွေထဲက အကြီးဆုံးတစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ စတူဒီယို ၁၀ခုပါဝင်ဖို့ စီစဉ်ထားပြီး ယာယီအားဖြင့် စတူဒီယို ၅ နဲ့ စတူဒီယို ၆ တို့ ပြီးစီးပြီလည်း ဖြစ်ပါတယ်။

i7i 6jh6h 5h

ကြိုတင်ရိုက်ကူးမှုပြုလုပ်နေတဲ့အချိန် အတွင်းမှာ စတူဒီယို ၅ ကိုစောင့်ဆိုင်းအခန်းအဖြစ် အသုံးပြုပြီး စတူဒီယို ၆ ကိုတော့ stage အဖြစ် အသုံးပြုခဲ့ပါတယ်။ ကြိုတင်ရိုက်ကူးမှုကိုတော့ စတူဒီယို ၆ မှာ ပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေဟာ ရိုက်ကူးမှုအတွက် stage ပေါ်ကို အနည်းဆုံးနှစ်ကြိမ်တက်ခဲ့ရပြီး ရိုက်ကူးမှုအတွက် အနည်းဆုံး အချိန် ၄နာရီကြာမြင့်ခဲ့ပါတယ်။

y5y yg53y35

'Dispatch'ရဲ့ သတင်းထောက်တွေဟာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုနဲ့ ရိုက်ကူးမှုအခြေအနေတွေကို စုံစမ်းဖို့အတွက် CJ ENM Contents World ကိုသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြိုတင်ရိုက်ကူးမှုပြုလုပ်ခဲ့တဲ့ အဆောက်အအုံနဲ့ပတ်သက်လို့ အိုင်ဒေါ 'A' ရဲ့ 'Dispatch' ကို ပြောပြချက်အရ "အဆောက်အဉီးအသစ်မှာ ကြိုတင်ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတစ်ယောက်ရဲ့ စူးစူးဝါးဝါးအော်သံကို ကြားခဲ့ပါတယ်။ သူတို့ရဲ့ နှာခေါင်းစည်းတွေက ဖုန်တွေကြောင့် အနက်ရောင် ပြောင်းသွားလို့ပါ" လို့ပြောပြခဲ့ပါတယ်။

CJ ENM ကိုတော့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်မှုကိုတော့ ၂၀၂၃ ခုနှစ်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြောင့် အဲ့ဒီဧရိယာမှာ ကုန်ပစ္စည်းပို့တဲ့ထရပ်ကားတွေ မော်တော်ယာဉ်တွေနဲ့ ပြည့်နေပြီး '2020 MAMA' အခမ်းအနားမှာ ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်အများစု စောင့်ဆိုင်းခဲ့ရတဲ့ "ကားရပ်နားရန်နေရာ" တွေဟာ အများအားဖြင့်ဖုန်ထူထပ်တဲ့ နေရာတွေဖြစ်ကြောင်း 'Dispatch' သတင်းထောက်တွေကသတိပြုမိခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီဧရိယာတစ်လျှောက်မှာ မြွေအန္တရာယ်သတိပေးချက်၊ မီးအန္တရာယ်သတိပေးချက်တွေကိုလည်း သတိပေးထားပါတယ်။ အနုပညာရှင်အဖွဲ့တွေဆိုရင် ဖုန်တွေနဲ့ သဲတွေကြောင့် ကားပြတင်းပေါက်တွေကိုတောင် မဖွင့်နိုင်ကြပါဘူး။

အိုင်ဒေါအဖွဲ့ဝင်တစ်ယောက်ကတော့ " ကြိုတင်ရိုက်ကူးမှုပြုလုပ်နေတဲ့အချိန်မှာတောင် တည်ဆောက်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ဖုန်တွေက ပတ်ပတ်လည်မှုတ်ထုတ်နေတဲ့အတွက် ရိုက်ကူးမှုမှာ ခက်ခဲခဲ့ပါတယ်။ လည်ချောင်းလည်း နာကျင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အဲ့ဒီနေရာကိုသွားရောက်ခဲ့တဲ့ 'Dispatch' သတင်းထောက်တွေဟာ "2020 MAMA" အခမ်းအနားအပြီးမှာ စတူဒီယို ၅ နဲ့ စတူဒီယို ၆ ကို ဖယ်ရှားလိုက်ပြီး ဆောက်လုပ်ရေးဆက်လုပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ သတင်းထောက်တွေဟာ ဖုန်တွေများပြားတာကို သတိပြုမိခဲ့ပြီး ပစ္စည်းကိရိယာတွေကို ဖယ်ရှားပြီးတာတောင်မှ အသက်ရှုဖို့ခက်ခဲနေသေးပြီး သူ့တို့လည်ပင်းတွေဟာ ဖုန်မှုန့်တွေကို ရှုမိတာကြောင့် ထိခိုက်လာကြောင်း သတင်းထောက်တွေက သတိပြုမိခဲ့ပါတယ်။ ဒါ့အပြင် K-Pop အနုပညာရှင်တွေဟာ ရိုက်ကူးမှုပြုလုပ်စဉ်အတွင်းမှာ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိတဲ့အတွက် ရိုက်ကူးနေစဉ်အတွင်းမှာ ဖုန်မှုန်တွေနဲ့ ထိတွေ့ခဲ့ရပါတယ်။

CJ ENM ကိုမေးမြန်းခဲ့ရာမှာတော့ "ကျွန်တော်တို့ဟာ ပွဲအခမ်းအနားတစ်လျှောက်လုံးမှာ အနုပညာရှင်တွေနဲ့ ၁၀၀ရာခိုင်နှုန်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဖုန်မှုန့်တွေကို အနည်းဆုံးလျှော့ချနိုင်ဖို့အတွက် sprinkler truck တွေကို အသုံးပြုခဲ့ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။ အတွင်းလူတစ်ယောက်ကတော့ " ကြိုတင်ရိုက်ကူးမှုတွေကို ပွဲနေ့အထိ ရိုက်ကူးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကြိုတင်ရိုက်ကူးမှုမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဖယ်ရှားခဲ့ပြီး ပွဲအခမ်းအနား တိုက်ရိုက်လွှင့်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ ဒီအချိန်တိုလေးအတွင်းမှာ ဖုန်တွေကိုရှင်းဖို့အတွက် အချိန်ရှိခဲ့ရဲ့လားဆိုတာကိုတောင် သံသယဖြစ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။

'Dispatch' ရဲ့ အဆိုအရ ပွဲကျင်းပတဲ့နေရာရဲ့ ဖုန်မှုန့်ပါဝင်မှု အဆင့် စစ်ဆေးမှုကို အဆောက်အအုံစတင်တည်ဆောက်ခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ ပြုလုပ်ခဲ့ပေမယ့် '2020 MAMA' ပွဲအတွက် ကြိုတင်ရိုက်ကူးမှု မပြုလုပ်ခင်မှာတော့ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။ အမည်မသိ အေဂျင်စီအရာရှိတစ်ဉီးကတော့ "အိုင်ဒေါတွေဟာ စင်မြင့် ရဲ့ prop တွေလို ခံစားခဲ့ရပါတယ်။ အမှန်တကယ်ကို အဆိုတော်တွေအကြောင်း စဉ်းစားတယ်ဆိုရင် ဒီလိုပတ်ဝန်းကျင်မှာ ကြိုတင်ရိုက်ကူးမှု မပြုလုပ်သင့်ပါဘူး။ တနည်းအားဖြင့် သူတို့က ဆောက်လုပ်ရေး site မှာ ဖျော်ဖြေခဲ့တာပါ" လို့ CJ ENM နဲ့ 'MAMA' ကို ဝေဖန်ခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!