Logo
Print this page

'50 Best Songs of 2020' စာရင်းထဲမှာ ပါဝင်လာတဲ့ BTS နဲ့ BLACKPINK အဖွဲ့

BTS နဲ့ BLACKPINK အဖွဲ့ တို့ဟာ Rolling Stone မဂ္ဂဇင်းရဲ့ '50 Best Songs of 2020' ၂၀၂၀ အတွက် အကောင်းဆုံး သီချင်း အပုဒ် ၅၀ စာရင်းမှာ ထိပ်ဆုံးအမြင့်ပိုင်းနေရာမှာရှိနေပါတယ်။


ဒီဇင်ဘာ ၇ ရက်မှာတော့ Rolling Stone က နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး သီချင်း ၅၀ ကို နှစ်စဉ်ထုတ်နှုတ်ချက်ကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲမှာ BTS နဲ့ BLACKPINK အဖွဲ့တို့ ပါဝင်ခဲ့ပြီး အဲ့ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ နှစ်ဖွဲ့တည်းသော Kpop အဖွဲ့တွေ ဖြစ်လာခဲ့ပါတယ်။ BTS အဖွဲ့ကတော့ 'Dynamite' သီချင်းနဲ့ နံပါတ် ၇ နေရာမှာရှိခဲ့ပါတယ်။ အဲ့ဒီသီချင်းဟာ Billboard Hot 100 စာရင်းမှာ နံပါတ် ၁ နေရာကို ရရှိခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်အဖွဲ့ဖြစ်လာတာ၊ ဒစ်စကို သီချင်းပုံစံကို BTS အဖွဲ့အနေနဲ့ ပုံဖော်တာတွေနဲ့ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Rolling Stone က ဖော်ပြခဲ့ပါတယ်။

 


BLACKPINK အဖွဲ့ဟာ 'Ice Cream' သီချင်းနဲ့ နံပါတ် ၁၃ နေရာမှာရှိနေပါတယ်။ အဲ့ဒီသီချင်းနဲ့ပတ်သက်လို့တော့ အချိုပွဲနဲ့ ပတ်သက်တဲ့ ဥပမာအလင်္ကာတွေကို ဆွဲဆောင်မှုရှိရှိ ဖော်ဆောင်ခဲ့ပြီး ရေခဲမုန့်ထရပ်ကားတစီးကိုထည့်သွင်းထားတာ၊ ကစားကွင်းမှာလိုပျော်ပျော်ရွှင်ရွှင်ကခုန်နိုင်အောင် ဖန်တီးထားတဲ့ သီချင်းဖြစ်တယ်လို့ Rolling Stone က ဖော်ပြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!