Banner Top

Member Area

Chung Ha ကိုဗစ်ကူးစက်ခံရ

  •  WN
  • Category: News

အဆိုတော် Chung Ha ဟာ COVID-19 ဆေးစစ်ချက်မှာ Positive ဖြစ်ခဲ့ကြောင်း သူ့ရဲ့ အေဂျင်စီက အတည်ပြုလိုက်ပါတယ်။

ဒီဇင်ဘာ ၇ ရက်မှာ MNH ဟာ သူတို့ရဲ့ အနုပညာရှင် Chung Ha ရဲ့ အခြေနေနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

201498947 1280

MNH အင်တာတိန်းမန့်က "Chung Ha ဟာ COVID-19 ပိုးတွေ့ရှိခဲ့တယ်လို့ ကျနော်တို့ ကြေညာလိုပါတယ်။ သူဟာ အတည်ပြုလူနာတဟ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တာကို သိရှိခဲ့ပြီးတဲ့နောက် ကိုယ်တိုင်ပဲ ဆေးစစ်ခံခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးစစ်ချက်ရလဒ်ကတော့ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး Positive ပြခဲ့တာဖြစ်ပါတယ်။


အေဂျင်စီက "Chung Ha ဟာ သူ့ရဲ့ အလုပ်တွေအားလုံးကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး Self-Quarantine ဝင်ခဲ့ပါတယ်။ သူဟာ ကျန်းမာရေး အာဏာပိုင်တွေရဲ့ ညွှန်ကြားလမ်းညွှန်ချက်အတိုင်း လိုအပ်တာတွေကို လုပ်ဆောင်နေပါတယ်။" လို့ဆိုပါတယ်။

201498949 1280

Chung Ha ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့တရားဝင် ပရိသတ် ကွန်မြူနီတီကနေတဆင့် သတင်းစကားဝေမျှခဲ့ပါတယ်။ Chung Ha က "ချစ်ရတဲ့ Byulharang တို့ရေ ကျမက ဒီပို့စ်ကို ထားခဲ့ရတာက ကျမက ဘာမှမပြောဘူးဆိုရင်အားလုံးက စိတ်ပူနေကြမှာစိုးလို့ပါ ကျမ ဂရုစိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလုံလောက်ခဲ့ဘူးလို့ ကျမထင်ပါတယ်။" လို့ ဆိုပါတယ်။

သူက "ကျမ နောက်တကြိမ်ပြန်လာခဲ့ပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ။ ကျမအတွက် အရမ်းစိတ်မပူကြပါနဲ့။ မကြာခင် အားလုံးနဲ့ ပြန်တွေ့ပါ့မယ်။" လို့ ဆိုပါတယ်။

Chung Ha ဟာ အခုလနှောင်းပိုင်းမှာ ထွက်လာမယ့် အယ်လ်ဘမ်အတွက် ပြင်ဆင်နေတာဖြစ်ပြီး သူ့ရဲ့ အယ်လ်ဘမ်ထွက်မယ့်အချိန်ကို အခုကိစ္စကြောင့် ရွှေ့ဆိုင်းရတော့မှာဖြစ်ပါတယ်။

Banner Top