Banner Top

Member Area

၀န်ထမ်းများအားလုံး ကိုဗစ်ပိုးမတွေ့အဖြေထွက်ခဲ့ပြီးနောက် ယွန်နာရဲ့ 'Hush' ဒရာမာ ရိုက်ကူးရေး ပြန်လည်စတင်

  •  WN
  • Category: News

JTBC ဒရာမာ 'Hush' ထုတ်လုပ်ရေးအဖွဲ့ဝင်တွေဟာ မကြာသေးခင်တုန်းက COVID-19 ပိုးအရေးပေါ်ကိစ္စဖြစ်ခဲ့ပြီးနောက် အခုတော့ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်တော့မှာဖြစ်တယ်လု့ိ သိရပါတယ်။


အဲ့ဒီစီးရီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ COVID-19 ဆေးစစ်ခံခဲ့ကြရတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေ အားလုံးဟာ ပိုးမတွေ့အဖြေထွက်ခဲ့ပြီး နောက်တစ်ကြိမ် ရိုက်ကူးရေး ပြန်လည်စတင်ခဲ့ပြီလို့ သိရပါတယ်။
နောင်အနာဂတ်မှာလည်း COVID-19 ပျံ့နှံ့မှုကို ကာကွယ်ဖို့နဲ့ ဝန်ထမ်းတွေ ဘေးကင်းမှုရှိစေဖို့ ရိုက်ကူးနေစဉ်ကာလအတွင်းမှာ quarantine လမ်းညွှန်ချက်တွေကို ထုတ်လုပ်ရေးအဖွဲ့က လိုက်နာသွားမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီဒရာမာပါဝင်နေတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးထဲမှာ COVID-19 ပိုးစစ်ဆေးတွေ့ရှိခဲ့ရပြီးတဲ့နောက် ဒရာမာရိုက်ကူးရေးကို ယာယီရပ်ဆိုင်းပြီး သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကို ဆေးစစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ငါးရက်အကြာမှာပဲ အခုလိုကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
'Hush' ဒရာမာမှာ မင်းသား ဟွမ်ဂျောင်မင်းက ဂျာနယ်လစ် ဟန်ဂျွန်ယော့နဲ့ Girls' Generation အဖွဲ့ဝင် ယွန်နာက သူ့ရဲ့ အလုပ်သင် လီဂျီဆူး အဖြစ် ပါဝင်ထားပါတယ်။ အဲ့ဒီဒရာမာကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

  • အာရှနယ်လှည့်ပွဲလုပ်မယ့် Yoona

    သရုပ်ဆောင်၊ အဆိုတော် Yoona ဟာ လာမယ့်လကစလို့ အာရှနယ်လှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်တော့မှာဖြစ်တယ်လို့ သူ့ရဲ့ အေဂျင်စီက ဧပြီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

Banner Top