Logo
Print this page

၂၀၂၁ ဂရမ်မီဆုပေးပွဲ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ BTS

ဆန်ခါတင်စာရင်းဝင်သူတွေကို ကြေညာလိုက်ပြီဖြစ်ပြီး အဲ့ဒီအထဲမှာ BTS အဖွဲ့လည်း ပါဝင်လာခဲ့ပါတယ်။

Recording Academy ဟာ ၂၀၂၁ ခုနှစ် ဂရမ်မီဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင်သူတွေကို ကြေညာခဲ့ပါတယ်။

fewqf fefeqf kuk

ဒီနှစ်မှာတော့ BTS အဖွဲ့ဟာ အခုနှစ်အတွင်းမှာထွက်ရှိခဲ့တဲ့ MAP OF THE SOUL: 7 အယ်လ်ဘမ်နဲ့ (“Album of the Year”, “Best Engineered Album, Non-Classical”၊ “Best Pop Vocal Album”) စတဲ့ဆု ၃ မျိုးအတွက် လျာထားခံရမယ့် စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် BE အယ်လ်ဘမ်ထဲက Single သီချင်း “Dynamite” အတွက် “Song of the Year”, “Record of the Year”, “Best Music Video” နဲ့ “Best Pop Duo/Group Performance” ဆုတွေအတွက်လည်း လျာထားခံရမယ့် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ol8k jthrgwer

သူတို့ရဲ့ အနုပညာလမ်းကြောင်းတလျှောက်မှာ BTS အဖွဲ့ဟာ ဆုတွေ ဒါဇင်နဲ့ ချီပြီး ရရှိခဲ့ဖူးပေမယ့် သူတို့ရဲ့ ဆုတွေထားတဲ့အခန်းထဲမှာ ဂရမ်မီဆုတစ်ခုကို ထားချင်နေတာ အဖွဲ့ဝင်တွေရဲ့ အိပ်မက်ဖြစ်ပါတယ်။

o98o86ige4r

အဲ့ဒီ ဆန်ခါတင်စာရင်း ကြေညာချက်ကို မထုတ်ပြန်မီ ပရိသတ်တွေဟာ ၂၀၂၁ ခုနှစ်မှာ BTS အဖွဲ့ရဲ့ အဲ့ဒီအိပ်မက်အကောင်အထည်ပေါ်လာဖို့ မျှော်လင့်နေခဲ့ကြပါတယ်။ အခုတော့ BTS အဖွဲ့ဟာ “Dynamite” သီချင်းနဲ့ “Best Pop Duo/Group Performance” ဆုအတွက် လျာထားခံလိုက်ရပြီဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!