Logo
Print this page

MAMA ဆုပေးပွဲမှာ စတုတ္ထအကြိမ်မြောက်တင်ဆက်သူအဖြစ် ဆောင်ရွက်မယ့် ဆောင်းဂျွန်ကီ

မင်းသား ဆောင်းဂျွန်ကီဟာ စတုတ္ထအကြိမ်မြောက်အဖြစ် လာမယ့် 2020 MAMA ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

Ilgan Sports ရဲ့ အထူးသီတင်းတစ်ပုဒ်အဆိုအရ မင်းသား ဆောင်းဂျွန်ကီဟာ ကိုရီးယားမှာ ဒီဇင်ဘာ ၆ ရက်နေ့ကျရင် ကျင်းပမယ့် 2020 MAMA ဆုပေးပပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ၂၀၁၉ ခုနှစ်မှာ မင်းသား ပတ်ဘိုဂွန်းက အဓိကတင်ဆက်သူ မဖစ်ခင် ၂၀၁၈ ခုနှစ်ကစလို့ အဲ့ဒီဆုပေးပွဲမှာ ပထမဆုံး အစီအစဉ်တင်ဆက်သူ အဖြစ် ပြန်လည်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ဆောင်းဂျွန်ကီဟာ အဲ့ဒီဆုပေးပွဲမှာ ၂၀၁၂၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တို့မှာ အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

MAMA ဆုပေးပွဲဆိုတာကတော့ CJ ENM ကနေ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆုပေးပွဲတစ်ခုဖြစ်ပြီး အခုနှစ်မှာတော့ ၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမှာလည်း ဖြစ်ပါတယ်။ Ment ရဲ့ ဗီဒီယိုဂီတဆုပေးပွဲအဖြစ် စတင်ကျင်းပခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ MAMA နာမည်အဖစ် ပြောင်းလဲခဲ့ပါတယ်။ အခုနှစ်အတွက် အဓိက Theme ကတော့ တကမ္ဘာလုံးက ပရိသတ်တွေအတူတကွစုဝေးကြမယ့်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တဲ့ “NEW-TOPIA” ဖြစ်ပါတယ်။

ewfew gerfgef
Mnet ကလည်း ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် မင်းသား ဆောင်းဂျွန်ကီ ပြန်လာမယ့်သတင်းကို သူတို့ရဲ့ တရားဝင် MAMA တွစ်တာအကောင့်ကနေ အတည်ပြုထားပါတယ်။ လက်ရှိမှာတော့ ဆုပေးပွဲမှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းမှာတော့ BTS, SEVENTEEN, TWICE, NCT, GOT7, IZ*ONE, MAMAMOO, MONSTA X, TXT နဲ့ TREASURE တို့ ဖြစ်ကြပါတယ်။ နောက်ထပ်ဖျော်ဖြေမယ့်အနုပညာရှင်စာရင်းထပ်တိုးဦးမလားဆိုတာတော့ မသိရသေးပါဘူး။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!