Logo
Print this page

မင်းသား ဆောင်းဂျွန်ကီရဲ့အဖေက သားဖြစ်သူရဲ့ ကွာရှင်းမှုဟာ သူတို့သားအဖရဲ့ အမှားလို့ ပြော

ဆောင်းဂျွန်ကီရဲ့ ဖခင်ဖြစ်သူ က သူနဲ့သူ့သား အပေါ် အပြစ်တင်ခဲ့ပါတယ်။

ဆောင်ဂျွန်ကီရဲ့ အဖေဖြစ်သူ ဆောင်ယောင်ဂပ်ဟာ ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေကိုရဲ့ ကွာရှင်းတဲ့ သတင်းအပြီး ၈ ရက် အကြာမှာ သူနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို မက်ဆေ့ချ်ပို့ခဲ့ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပြီး သူနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းအောင် ပြောဆိုခဲ့ပါတယ်။

gregrg uyj h

အဲ့ဒီမက်ဆေ့ချ် ထဲမှာ သူက ကွာရှင်းမှုနဲ့ ပတ်သက်လို့ တောင်းပန်ထားပြီး အပြစ်တွေကို သူနဲ့ သူ့သားအပေါ် ပုံချခဲ့ပါတယ်။

"ရုတ်တရက်ကွာရှင်းလိုက်တဲ့ သတင်းနဲ့ ပတ်သက်လို့ တောင်းပန်ပါတယ်။ ဒါတွေအကုန်လုံးက ကျွန်တော်နဲ့ ကျွန်တော့်သားရဲ့ ချို့ယွင်းမှုတွေကြောင့် ဖြစ်ရတာပါ။ ကျွန်တော်တို့က အရာအားလုံးကို သစ္စာရှိရှိနဲ့ ကောင်းမွန်အောင် အဆုံးသတ်ပေးသွားမှာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွန်အားတွေနဲ့ လမ်းကြောင်းတွေ ပေးသနားပြီး စောင့်ကြည့်ပေးပါ။ ကျန်းမာ ပျော်ရွှင်ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေ။"

ဆောင်ယောင်ဂပ်က သူ့ရဲ့ ချွေးမဖြစ်သူအပေါ်ထားရှိတဲ့ မေတ္တာကို ဆောင်ဟေကိုရဲ့ ဒရာမာ အသစ် "Encounter" အကြောင်းသူ့သူငယ်ချင်းတွေကို မက်ဆေ့ချ်တွေပို့ပြီးတော့ကို ပရိုမိုးရှင်းလုပ်ပေးခဲ့တယ်လို့ သိရပါသေးတယ်။

"မင်္ဂလာပါ။ ကျွန်တော် ဆောင်ဂျွန်ကီရဲ့ အဖေဖြစ်သူ ဆောင်ယောင်ဂပ်ပါ။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ချွေးမလေးဖြစ်တဲ့ ဆောင်ဟေကိုက "Encounter"လို့ ခေါ်တဲ့ ဒရာမာအသစ်ထဲမှာ ပတ်ဘိုဂမ်နဲ့ အတူတွဲဖက် သရုပ်ဆောင်သွားမှာပါ။ အဲ့ဒီ ဒရာမာက နိုဝင်ဘာလ ၂၈ရက်နေ့ ည ၉နာရီခွဲ မှာ tvN ကနေပြသသွားမှာပါ။အဲ့ဒီဒရာမာထဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ ဆွဲဆာင်မှုရှိတဲ့ အရာကို သိသာထင်ရှားစွာ ပြသမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ရရှိစေမယ့် ဒရာမာကောင်း အနေနဲ့ ချီးကျူးခံရမှာပါ။ ဒါက "Descendent of the Sun" နဲ့ သူလက်ထပ်ပြီးနောက် ပထမဆုံး ပရောဂျက်ဖြစ်တဲ့ အတွက် သူက ဒီဒရာမာ အပေါ် တော်တော်လေးကို စိတ်နှစ်မြှုပ်နှံထားတာပါ။ ကျေးဇူးပြုပြီးတော့ ထုတ်လွှင့်မှုကို စောင့်ကြည့်ပြီး သတင်းဖြန့်ဝေပေးပါ။ ချွေးမက ယောက္ခထီးရဲ့ အချစ်တွေကို အများဆုံးရတယ်လို့ ဆိုကျတယ် မဟုတ်လား.. ကျွန်တော်က ကျွန်တော့် ချွေးမလေးကို ဒရာမှာထဲမှာ ကောင်းကောင်းသရုပ်ဆောင်ပြီး တစ်လောကလုံးရဲ့ အချစ်တွေကို လက်ခံရရှိဖို့ မျှော်လင့်ပါတယ်။ ဒါကတော့ ယောက္ခထီးတစ်ယောက် အနေနဲ့ ကျွန်တော် ဆုတောင်းပေးနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီးတော့ ကျန်းမာပျော်ရွှင်အောင် နေကျပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"

ကွာရှင်းတဲ့ သတင်းထွက်ပြီး မကြာခင်မှာပဲ ဆောင်ယောင်ဂပ်က မီဒီယာတွေ သိရှိဖော်ပြပြီးသည့်တိုင် သူမသိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခြားတစ်နေရာကနေတော့ သူက ဒီကွာရှင်းမှုကို ကြိုတင်သိနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီသတင်းရပ်ကွက်အရ ဆောင်ယောင်ဂပ်ဟာ ကွာရှင်းတဲ့ သတင်းမထွက်ခင် သူ့သူငယ်ချင်းတွေနဲ့ အရက်ထွက်သောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူက သိပ်စကားမပြောဘဲ သောက်နေကျထက် အများကြီးပိုသောက်ခဲ့တာဖြစ်ပြီး ခါတိုင်းနဲ့ မတူဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဆောင်ယောင်ဂပ်က အိမ်ထဲမှာပဲ နေခဲ့တာ ဖြစ်ပြီး ကွာရှင်းတဲ့ သတင်းမထွက်မချင်း ဘယ်ကိုမှ သွားရောက်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူမျက်လုံးအိမ်ခွဲစိတ်ကုသမှု ခံယူနေတာဖြစ်လို့ ဆေးရုံရောက်ရှိနေခဲ့တဲ့အတွက် သူ့ကိုဆက်သွယ်ရတာ ခက်ခဲတာဖြစ်ပါတယ်လို့ ဇူလိုင်လ ၆ရက်နေ့က မီဒီယာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PPKA

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!